ဘောလုံးပွဲတွေကို အားပါးတရကြည့်ဖူးသူတိုင်း ဂျာမန်ကွင်းလယ်ကစားသမားကြီး မိုက်ကယ်ဘောလက်ကို မသိသူရှားပါတယ်။ တကယ့်ကို ဂန္တဝင်ကစားသမားကြီး ဘောလက်ဟာ လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူထားခဲ့ပြီဖြစ်ကာ သူရဲ့ရွှေရောင်လွှမ်းခဲ့ဆုံးအချိန်တွေမှာတော့ လေဗာကူဆင် ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတို့မှာ ကျင်လည်ခဲ့ဖူးပြီး ကျွန်တော်တို့တွေကတော့ ဘောလက်ကို ချယ်လ်ဆီးအသင်းမှာ လာရောက်ကစားချိန်မှသာ သူရဲ့ခြေစွမ်းတွေကို ပိုမိုသတိထားမိခဲ့ရတာဖြစ်ပြီး တကယ့်ကို ဂရိတ်ပလေယာတစ်ယောက်ဆိုတာ သေချာပါတယ်။

Photo Credit : Sky Sport

လက်ရှိမှာ အသက်(၄၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားဆုရ ကစားသမားဟောင်းကြီး မိုက်ကယ်ဘောလက်ဟာ ၂၀၀၆ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ၄နှစ်လောက်ကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား အက်အေဖလားတို့ကို ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်အထိ တတ်လှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၀ခုနှစ်မှာ ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ကာ သူ့အသင်းဟောင်း လေဗာကူဆင်ကို ပြန်သွားခဲ့ပြီး ၂၀၁၂ခုနှစ်မှာတော့ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : The Real Chelsea Fan

ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့အကြောင်းကို ဘောလက်က “ကားလို့စ်အန်စလော့တီ(ချယ်လ်ဆီးနည်းပြဟောင်း)က ကျွန်တော့်ကို ချယ်လ်ဆီးအသင်းမှာ ဆက်လက်ရှိနေစေချင်တာ။ ဒါပေမယ့် အသင်းရဲ့ပေါ်လစီအရတော့ အသက်သုံးဆယ်ကျော် ကစားသမားကို စာချုပ်သက်တမ်း တစ်နှစ်သာတိုးတာကို ကျွန်တော်က နှစ်နှစ်လောက်တိုးချင်တာ။ အဲ့ဒီကနေ ညှိနှိုင်းမရခဲ့တာ။ ဒီနေ့မှာတော့ ဒီဆုံးဖြတ်ချက်က မှားတယ်လို့ ဆိုရမလိုပါပဲ။ သူတို့ကမ်းလှမ်းတဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ကိုပဲ ကျွန်တော်လက်ခံလိုက်သင့်တာ။ ကစားသမားဘဝ အဆုံးသတ်ချိန်ထိ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ရှိနေလိုက်သင့်တာ” လို့ ပြန်ပြောင်းပြောဆိုလာခဲ့ပါတယ်။ ဘောလက်ဟာ လက်ရှိမှာတော့ ဘောလုံးလောကနဲ့ ပတ်သက်မှုမရှိပဲ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခြင်းမရှိပဲ ဘောလုံးလောကနဲ့ အလှမ်းဝေးနေပါတယ်။