နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကသာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အပြီးသတ် ခေါ်ယူနိုင်မယ် ဆိုရင် လာမယ့် (၂၀၂၀-၂၁) ခုနှစ်၊ ရာသီသစ်မှာ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်လို့ talkSPORT သတင်းမှာ မူလန်စတန်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိမှာ အသင်းအတွက် ခြေစွမ်းပြနေကြတဲ့ အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်၊ မာရှယ် နဲ့ ဂရင်းဝုဒ်တို့တွေ ရှိကြတာ ဖြစ်ပေမယ့် အသင်းရဲ့ ရှေ့တန်း နံပါတ် (၉) နေရာမှာ ကစားနိုင်မယ့် တိုက်စစ်မှူးကို လိုအပ်နေဆဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းရဲ့ တိုက်စစ်မှူး မာရှယ်ကတော့ ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ နံပါတ် (၉) နေရာကို ကစားခဲ့တာ ဖြစ်ပေမယ့်လည်း မန်ယူအသင်းအနေနဲ့ နံပါတ် (၉) နေရာမှာ တိုက်စစ်မှူး မာရှယ်နဲ့ အလှည့်ကျ ကစားနိုင်မယ့် တိုက်စစ်မှူး တစ်ယောက်ကိုတော့ လက်ရှိမှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ထောက် နည်းပြဟောင်း ဖြစ်သူ မူလန်စတန်က စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီ ကိန်းကိုသာ ခေါ်ယူသွားနိုင်မယ် ဆိုရင်တော့ မန်ယူအသင်းအနေနဲ့ လာမယ့် ရာသီသစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့အတွက် ယှဉ်ပြိုင်နိုင်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

talkSPORT မှာ မူလန်စတန်က “ဘာက တကယ် အရေးကြီးတာလဲ ဆိုရင် မန်ယူအသင်းအနေနဲ့ ရာသီကို တကယ် ကောင်းမွန်စွာ စတင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် သူတို့ အခြေခံ ခိုင်သွားမှာ ဖြစ်ပြီး သူတို့ ပြိုင်ပွဲမှာ ကစားနေနိုင်မယ်၊ ဆက်ယှဉ်ပြိုင်နိုင်မယ်။ ဒီဟာက ယုံကြည်မှု တိုးတတ်စေမယ်။ အခြား ကောင်းမွန်တဲ့ ခေါ်ယူမှုကို ပြုလုပ်သင့်တယ်လို့တော့ ထင်တာပဲ။ သူတို့အနေနဲ့ တကယ့် ထိပ်သီး၊ ထိပ်သီး တိုက်စစ်မှူးကို ခေါ်ယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဥပမာ တကယ်လို့ သူတို့ ဟယ်ရီကိန်းကိုသာ ခေါ်ယူနိုင်မယ် ဆိုရင် သူတို့ ခေါ်ယူနိုင်မယ် မထင်ပေမယ့် သူတို့ ကိန်းကို ခေါ်ယူနိုင်မယ် ဆိုရင် သူတို့ လာမယ့် ရာသီသစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့အတွက် ယှဉ်ပြိုင်နိုင်တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။