အာဆင်နယ်အသင်းကနေ စပိန်ကွင်းလယ်ကစားသမားကြီး ဆန်တီကာဇိုလာ ပြောင်းရွှေ့ထွက်ခွာသွားတဲ့နောက်ပိုင်း အာဆင်နယ်မှာ ကာဇိုလာနဲ့ အလွန်ရင်းနှီးကျွမ်းဝင်တဲ့ အသင်းဖော်တွေဖြစ်ခဲ့သူ မက်ဇက်အိုဇေးဟာလည်း အရင်လို ပုံစံမျိုး မဟုတ်တော့ပဲ ပြောင်းလဲမှုတွေ ရှိလာခဲ့ရတယ်လို့ အိုဇေးရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Santi Cazorla's Arsenal exit is said to have had a huge effect on Mesut Ozil's game

Photo Credit : The Sun

စပိန်ကစားသမားကြီး ကာဇိုလာနဲ့ ဂျာမနီကစားသမား အိုဇေးတို့နှစ်ဦးဟာ မြောက်လန်ဒန်ကလပ်အသင်းမှာ (၅)နှစ်လောက်အထိကို တွဲဖက်ကစားခဲ့ရတဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပြီး စပိန်လက်ရွေးစင်ဟောင်း ကာဇိုလာက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအပြီးမှာပဲ အာဆင်နယ်ကနေ စွန့်ခွာကာ သူရဲ့ကလပ်အသင်းဟောင်း ဗီလာရီးယဲလ်ဆီကို ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ကာဇိုလာဟာ အာဆင်နယ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့်လည်း သူရဲ့အာဆင်နယ်ကစားသမားဘဝ နောက်ဆုံးရာသီမှာ ဆိုးရွှားတဲ့ ဒဏ်ရာပြသာနာကြောင့် ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ရပြီး ကာဇိုလာရဲ့ ဒဏ်ရာပြသာနာဟာလည်း အိုဇေးရဲ့ကစားပုံအပေါ်မှာပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိသွားစေခဲ့ရပါတယ်။

Why Mesut Ozil and Santi Cazorla are the Prem's best mates - and what your team's leading pass combo says about them - Irish Mirror Online

Photo Credit : Irish Mirror

အိုဇေးဟာ သူ အခင်မင်ရဆုံး အသင်းဖော် ကာဇိုလာနဲ့ တွဲဖက်ကစားခွင့် ရရှိခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ သူရဲ့ အကောင်းဆုံး ဘောလုံးရာသီတစ်ခုအဖြစ် စွမ်းဆောင်ပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက်ကိုလည်း သွင်းဂိုး (၁၂)ဂိုးအထိပါ သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ကာဇိုလာနဲ့ အိုဇေးတို့ကြားက အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်းကို အိုဇေးရဲ့အေးဂျင့်ဖြစ်သူက “သူနဲ့ ကာဇိုလာတို့က အချိန်ခဏတာ အတူရှိခဲ့ရပြီးတော့ သူက ကာဇိုလာကိုလည်း ချစ်ခင်ခဲ့တယ်။ ကာဇိုလာက သူ့အကြိုက်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်မယ်လို့တောင် ကျွန်တော်ထင်မိတယ်။ မက်ဇက်က ညဏ်ရည်ထက်မြက်ပြီး ပွဲတစ်ပွဲကို ဘယ်လိုကစားရမလဲဆိုတာ အမြဲတမ်း လေ့လာနေတတ်တဲ့သူ။ နောက်ပြီး သူက သူ့လို အရည်အချင်းမျိုး ရှိနေတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကစားရတာကိုလည်း နှစ်သက်တယ်။ ခင်ဗျားက နံပါတ်(၁၀) ကစားသမားဖြစ်နေပြီး ခင်ဗျားရှေ့မှာ တိုက်စစ်မှူးကောင်းတစ်ဦးနဲ့ ခင်ဗျားရဲ့အနောက်မှာ ခင်ဗျားဆီကို ဘောလုံးပေးပို့နိုင်မယ့် နံပါတ်(၆) ကစားသမားလည်း ရှိနေမယ်ဆိုရင် ခင်ဗျားလည်း final pass ကို ဖန်တီးနိုင်မှာ။ ကာဇိုလာက အရမ်းထက်မြက်တယ်။ ကောင်းမွန်တဲ့ နည်းစနစ်တွေလည်း ပိုင်ဆိုင်ထားတယ်။ မက်ဇက်ရဲ့နောက်မှာ ကစားရတာလည်း အရမ်းအံ့ဝင်ခဲ့တယ်။ ကာဇိုလာ ထွက်ခွာသွားချိန်မှာတော့ သူလည်း အရင်လို မဟုတ်တော့ဘူး။ ချက်ချင်းပြောင်းလဲသွားတာကို ခင်ဗျားတို့ မြင်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။