ဒီနှစ်ဘောလုံးရာသီအတွင်း ဥရောပဘောလုံးပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ဆင်နွဲခွင့်ရမယ့် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေရဲ့ ပြိုင်ပွဲဝင်ရမယ့် ကစားသမားတွေရဲ့စာရင်းတွေကို အသီးသီးထုတ်ပြန်လာခဲ့ကြရာ ဒီစာရင်းတွေထဲ ပါဝင်လာခြင်းမရှိတဲ့ ကစားသမားတွေ အများအပြားရှိလာခဲ့သလို ဒီကစားသမားတွေအားလုံးရဲ့ သူတို့သက်ဆိုင်ရာ အသင်းတွေဆီ ရောက်ရှိလာခဲ့တုန်းက ပြောင်းရွှေ့ကြေးတွေအားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ပေါင်(၂၃၇)သန်းအထိကို ရှိလို့နေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

လတ်တလောထုတ်ပြန်ထားတဲ့ အသင်းတွေရဲ့လူစာရင်းတွေအရ ပါဝင်လာခြင်းမရှိတဲ့ ကစားသမားတွေကို အရင်ဆုံးဖော်ပြပေးသွားချင်ပါတယ်။

အာဆင်နယ် – အိုဇေး(ပေါင်၄၂.၅သန်း) ဆိုကရာတစ်(ပေါင်၁၇.ရသန်း) ဆလီဘာ(ပေါင်၂ရသန်း)
ချယ်လ်ဆီး – ဒရင့်ဝါးတား(ပေါင်၃၅သန်း) မော့ဆက်စ်(ပေါင်၉သန်း)
မန်ချက်စတာယူနိုက်တက် – ရိုမဲရိုး(အလွတ်) ရိုဟို(ပေါင်၁၆သန်း) ဖီးလ်ဂျုံး (ပေါင်၁ရသန်း)
လီဗာပူးလ် – ဟယ်ရီဝီလ်ဆန်(အကယ်ဒမီထွက်)(လက်ရှိတန်ကြေး-ပေါင်၁၆သန်း)
စပါး – ဂယ်ဆန်ဖာနန်ဒက်စ်(ပေါင်၅၆သန်း) ဂါဇာနီကာ(အလွတ်) ဒန်နီရိုစ့်(ပေါင်၁သန်း)

Photo Credit : Daily Mail

ဒီလူစာရင်းတွေအရ ချယ်လ်ဆီးနဲ့စပါးအသင်းဘက်က သိပ်ပြောစရာမရှိပေမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်အသင်းတို့ကြားမှာတော့ ပြောစရာတွေ ဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်က အသင်းရဲ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်တဲ့ အိုဇေးကို အသင်းမှာ ပြန်လည်သုံးစွဲဖို့ လုံးဝကို အစီအစဉ်မရှိပဲ အသင်းမှာ အနာဂတ်မရှိတော့တဲ့ပုံစံမျိုး အသင်းဘက်ကနေ ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် အာဆင်နယ်ပရိသတ်အများစုက စိတ်ပျက်နေကြမှာ သေချာပါတယ်။ ယူနိုက်တက်ကလည်း လတ်တလော ဗဟိုခံစစ်ပိုင်း ပြသာနာတွေ ဖြစ်နေတဲ့အချိန် အသင်းရဲ့အင်အားတောင့်တင်းဖို့ အနည်းဆုံး ရိုဟိုလို ခံစစ်ကစားသမားတစ်ယောက်လောက် ရွေးချယ်ခဲ့သင့်ပေမယ့် ချန်လှပ်ခဲ့ပြီး ကစားသမားသစ်လေးဖြစ်တဲ့ လူငယ်ချာတိတ်လေး ပယ်လီစ္စထရီကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ ကစားသမားသစ်တွေအားလုံးကိုကတော့ သူတို့ရဲ့အသင်းသစ်တွေနဲ့ ဥရောပပွဲစဉ်တွေအတွက် အကုန်ရွေးချယ်ခံခဲ့ရပေမယ့် အသင်းမှာ အရွေးမခံခဲ့ရတဲ့ ကစားသမားအများစုကတော့ အပြောင်းအရွှေ့လုပ်လို့ရနေသေးတဲ့ လိဂ်တွေရဲ့ ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။