ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တော့တဲ့အဆုံး အသင်းနဲ့လမ်းခွဲလိုက်ရပြီး အသင်းဖော်ဟောင်း နေမာရှိနေတဲ့ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ လီယွန်နယ်မက်ဆီဟာ အသင်းနဲ့အတူ ပြင်သစ်လီဂူးပွဲစဉ်(၅)ပွဲအထိ ပါဝင်ကစားထားပြီးနောက်မှာ လီဂူးသွင်းဂိုး လုံးဝသွင်းယူထားနိုင်ခြင်း မရှိသေးတာကြောင့် သူရဲ့ကစားသမားဘဝရဲ့ (၁၅)နှစ်တာကာလအတွင်း အဆိုးရွှားဆုံး တာထွက်တစ်ခု ဖြစ်နေခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား လီယွန်နယ်မက်ဆီဟာ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ သူရဲ့စီနီယာ ဘောလုံးသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာပဲ အသင်းနဲ့ တာထွက်(၈)ပွဲအထိ ပါဝင်ကစားပြီးတဲ့နောက် သွင်းဂိုး(၁)ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအစပိုင်းမှာတော့ ဒဏ်ရာပြသာနာတွေကြောင့် အသင်းရဲ့ အစပိုင်းပွဲတွေကို လွဲချော်ခဲ့ရလို့ အသင်းအတွက် ရာသီအစမှာ လာလီဂါဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ရာသီအစ(၅)ပွဲထိ ပါဝင်ပြီးချိန်မှာတောင် လီဂူးသွင်းဂိုး တစ်ဂိုးမှ မရရှိနိုင်သေးတာ ဖြစ်ပါတယ်။

Photo Credit : Goal

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ (၃)ပွဲကို ပါဝင်ကစားပြီးတဲ့နောက် မန်စီးတီး လိုက်ပ်ဇစ်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေအတွင်း သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး(၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူးနဲ့ချန်ပီယံလိဂ်ပွဲစဉ်ပေါင်း (၈)ပွဲ ပါဝင်ကစားထားခဲ့တဲ့ မက်ဆီဟာ သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး လိုက်ပ်ဇစ်နဲ့ပွဲမှာဆိုရင်လည်း သူရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီက နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအနေနဲ့ ချန်ပီယံလိဂ်မှာ သူရဲ့သွင်းဂိုးစွမ်းရည်တွေကို ဆက်လက်ပြသထားနိုင်ခဲ့ပေမယ့်လည်း သူ့အတွက် နေရာအစိမ်းတစ်ခုလို ဖြစ်နေရတဲ့ ပြင်သစ်မြှောတော့ အံ့ဝင်ခွင်ကျဖြစ်အောင် ရုန်းကန်နေရဆဲဖြစ်နေရပါတယ်။ ဒါပေမယ့် မက်ဆီလို ဘောလုံးသမားတစ်ဦးအနေနဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် သွင်းဂိုးတွေ သွင်းယူနိုင်ဖို့က စိတ်မပူရသလို သိပ်မကြာခင်မှာပဲ မက်ဆီရဲ့ လီဂူးသွင်းဂိုးတွေကို စတင်မြင်တွေ့လာနိုင်တဲ့အပြင် မက်ဆီအနေနဲ့ကလည်း ဒီနိုဝင်ဘာလထဲမှာပဲ (၇)ကြိမ်မြောက် ballon d’Or ဆုကြီးကို ပိုင်ဆိုင်နိုင်ရဖို့က အသေချာဆုံး အခြေအနေကို ရောက်ရှိနေရပါတယ်။