ဘာစီလုိနာအသင္းက ဒီရာသီမွာ စပိန္လာလီဂါပြဲစဥ္ကုိ ၃ပြဲအထိ ဆင္ႏြဲၿပီးသြားခဲ႔ၿပီျဖစ္ေပမယ့္လည္း သူတုိ႔အသင္းရဲ႕ အဓိက ကစားသမားျဖစ္သူ လီယြန္နယ္မက္ဆီက ဒဏ္ရာျပသာနေၾကာင့္ ပြဲစဥ္၃ပြဲလုံးကုိ ပါဝင္ကစားႏုိင္ျခင္း မရွိခဲ႔သလုိ ဘာစီလုိနာအသင္းကလည္း အိမ္ကြင္းမွာ ကစားခဲ႔တဲ႔ ရီးရဲလ္ဘက္တစ္အသင္းနဲ႔ ပြဲစဥ္တစ္ပြဲတည္းကုိသာ အႏိုင္ရခဲ႔ၿပီး အဖြင့္ပြဲမွာ ဘီလ္ဘာအုိကုိ အေရးနိမ့္ခဲ႔ရသလုိ ေနာက္ဆုံးကစားခဲ႔တဲ႔  အုိအာဆူနာအသင္းနဲ႔ပြဲမွာလည္း သေရသာ က်ခဲ႔ရပါတယ္။ ပုိဆုိးတာကေတာ့ ဒီပြဲေတြမွာ မက္ဆီအျပင္ ေနာက္ထပ္ အသင္းရဲ႕ အမာခံကစားသမားႀကီး လူးဝစ္ဆြာရက္ဇ္ကလည္း ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

မက္ဆီဟာ ၂၀၁၉ ကုိပါအေမရိကၿပိဳင္ပြဲၿပီးေနာက္ အနားယူမႈေတြ ျပဳလုပ္ခဲ့ၿပီးတဲ႔ေနာက္ ဘာစီလုိနာအသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ႔ေပမယ့္ အသင္းနဲ႔ စတင္ပူးေပါင္းတဲ႔ေန႔မွာပဲ မက္ဆီက ၾကြက္သားဒဏ္ရာ ရရွိသြားခဲ႔တာေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲေတြကုိ လြဲေခ်ာ္ခဲ႔ရတဲ႔အျပင္ လာလီဂါပြဲစဥ္ေတြကုိလည္း လြဲေခ်ာ္ခဲ႔ရပါတယ္။ အခု ႏုိင္ငံတကာရက္သတၱပတ္အတြင္း မက္ဆီက သူရဲ႕ ဒဏ္ရာကုိ ကုသမႈေတြ ခံယူေနတာေၾကာင့္ လာမယ့္ စေနေန႔မွာ ကစားသြားေတာ့မယ့္ ဗလင္စီယာအသင္းနဲ႔ လာလီဂါပြဲစဥ္(၄)မွာ ျပန္လည္ကစားေတာ့မယ္လုိ႔ ထင္ရေပမယ့္ လုံးဝသက္သာလာမွသာ ပြဲထြက္ကစားလိမ့္မယ္လုိ႔ သိရပါတယ္။

Photo Credit : Getty Images

မက္ဆီနဲ႔ ဆြာရက္ဇ္တုိ႔ႏွစ္ေယာက္လုံးဟာ ေျခသလုံးၾကြက္သားဒဏ္ရာ အသီးသီးခံစားေနရတာျဖစ္ၿပီး ႀကံခုိင္ေရးအျပည့္အဝမေကာင္းေသးတဲ႔ အေနအထားေတြမွာရွိေနတာေၾကာင့္မုိ႔ လာမယ့္ ဗလင္စီယာနဲ႔ပြဲမွာ စြန္႔စားၿပီး အသုံးျပဳလာဖြယ္ ရွိမေနပါဘူး။ ဒါေၾကာင့္ ေဒါ့မြန္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ အဖြင့္ပြဲေလာက္မွသာ မက္ဆီအေနနဲ႔ ဘာစီလုိနာအတြက္ ျပန္လည္ကစားေပးဖြယ္ရွိေနၿပီး တကယ္လုိ႔ ဒီပြဲမွာလည္း မလာႏုိင္ေသးဘူးဆုိရင္ေတာ့ စက္တင္ဘာလ၂၁ရက္ေန႔မွသာ ကစားႏုိင္ေတာ့မွာျဖစ္ပါတယ္။ ဘာစီလုိနာအတြက္ကေတာ့ ဒီရက္ပုိင္းပြဲစဥ္ေတြက အရမ္းကို အေရးႀကီးေနတာမုိ႔ မက္ဆီကုိ ဒဏ္ရာကေန အျမန္ဆုံးသက္သာေစခ်င္ေနမွာေတာ့ ေသခ်ာပါတယ္။

Photo Credit : Getty Images

မက္ဆီနဲ႔ဆြာရက္ဇ္တုိ႔လုိ အသင္းရဲ႕ အဓိက တုိက္စစ္ကစားသမားႏွစ္ေယာက္ ဒဏ္ရာရေနခ်ိန္မွာ လူငယ္တုိက္စစ္မွဴးဒမ္ဘီလီကလည္း ဒဏ္ရာထပ္ရသြားခဲ႔လုိ႔ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားမွာ ကစားသမားသစ္ အန္တုိနီယုိဂရစ္ဇ္မန္းကုိ အကယ္ဒမီက ကစားသမားေလးေတြနဲ႔ တြဲဖက္ၿပီး အသုံးျပဳခဲ႔ပါတယ္။ မက္ဆီ ဆြာရက္ဇ္ မပါႏုိင္ခ်ိန္မွာေတာ့ ဘာစီလုိနာရဲ႕ တုိက္စစ္ကစားအားက က်ဆင္းလာခဲ႔ၿပီး ဘာစီလုိနာပရိသတ္ေတြ အရမ္းကုိ ျမင္ေတြ႔ခ်င္ေနတဲ႔ မက္ဆီ ဆြာရက္ဇ္ ဂရစ္ဇ္မန္းတုိ႔ ၃ေယာက္တြဲ တုိက္စစ္အစုအဖြဲ႔ကုိလည္း ျမင္ေတြ႔ရဖုိ႔က ေနာက္ထပ္ရက္သတၱပတ္တစ္ေလာက္အထိကုိ ေစာင့္ဆုိင္းရဖြယ္ ရွိေနပါတယ္ခင္ဗ်ာ။

(Unicode)

ဘာစီလိုနာအသင်းက ဒီရာသီမှာ စပိန်လာလီဂါပွဲစဉ်ကို ၃ပွဲအထိ ဆင်နွဲပြီးသွားခဲ့ပြီဖြစ်ပေမယ့်လည်း သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီက ဒဏ်ရာပြသာနကြောင့် ပွဲစဉ်၃ပွဲလုံးကို ပါဝင်ကစားနိုင်ခြင်း မရှိခဲ့သလို ဘာစီလိုနာအသင်းကလည်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ရီးရဲလ်ဘက်တစ်အသင်းနဲ့ ပွဲစဉ်တစ်ပွဲတည်းကိုသာ အနိုင်ရခဲ့ပြီး အဖွင့်ပွဲမှာ ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့  အိုအာဆူနာအသင်းနဲ့ပွဲမှာလည်း သရေသာ ကျခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဒီပွဲတွေမှာ မက်ဆီအပြင် နောက်ထပ် အသင်းရဲ့ အမာခံကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ကလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Getty Images

မက်ဆီဟာ ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲပြီးနောက် အနားယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပေမယ့် အသင်းနဲ့ စတင်ပူးပေါင်းတဲ့နေ့မှာပဲ မက်ဆီက ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရာသီကြိုခြေစမ်းပွဲတွေကို လွဲချော်ခဲ့ရတဲ့အပြင် လာလီဂါပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ရပါတယ်။ အခု နိုင်ငံတကာရက်သတ္တပတ်အတွင်း မက်ဆီက သူရဲ့ ဒဏ်ရာကို ကုသမှုတွေ ခံယူနေတာကြောင့် လာမယ့် စနေနေ့မှာ ကစားသွားတော့မယ့် ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်(၄)မှာ ပြန်လည်ကစားတော့မယ်လို့ ထင်ရပေမယ့် လုံးဝသက်သာလာမှသာ ပွဲထွက်ကစားလိမ့်မယ်လို့ သိရပါတယ်။

Photo Credit : Getty Images

မက်ဆီနဲ့ ဆွာရက်ဇ်တို့နှစ်ယောက်လုံးဟာ ခြေသလုံးကြွက်သားဒဏ်ရာ အသီးသီးခံစားနေရတာဖြစ်ပြီး ကြံခိုင်ရေးအပြည့်အဝမကောင်းသေးတဲ့ အနေအထားတွေမှာရှိနေတာကြောင့်မို့ လာမယ့် ဗလင်စီယာနဲ့ပွဲမှာ စွန့်စားပြီး အသုံးပြုလာဖွယ် ရှိမနေပါဘူး။ ဒါကြောင့် ဒေါ့မွန်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အဖွင့်ပွဲလောက်မှသာ မက်ဆီအနေနဲ့ ဘာစီလိုနာအတွက် ပြန်လည်ကစားပေးဖွယ်ရှိနေပြီး တကယ်လို့ ဒီပွဲမှာလည်း မလာနိုင်သေးဘူးဆိုရင်တော့ စက်တင်ဘာလ၂၁ရက်နေ့မှသာ ကစားနိုင်တော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက်ကတော့ ဒီရက်ပိုင်းပွဲစဉ်တွေက အရမ်းကို အရေးကြီးနေတာမို့ မက်ဆီကို ဒဏ်ရာကနေ အမြန်ဆုံးသက်သာစေချင်နေမှာတော့ သေချာပါတယ်။

Photo Credit : Getty Images

မက်ဆီနဲ့ဆွာရက်ဇ်တို့လို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားနှစ်ယောက် ဒဏ်ရာရနေချိန်မှာ လူငယ်တိုက်စစ်မှူးဒမ်ဘီလီကလည်း ဒဏ်ရာထပ်ရသွားခဲ့လို့ ပွဲစဉ်တော်တော်များများမှာ ကစားသမားသစ် အန်တိုနီယိုဂရစ်ဇ်မန်းကို အကယ်ဒမီက ကစားသမားလေးတွေနဲ့ တွဲဖက်ပြီး အသုံးပြုခဲ့ပါတယ်။ မက်ဆီ ဆွာရက်ဇ် မပါနိုင်ချိန်မှာတော့ ဘာစီလိုနာရဲ့ တိုက်စစ်ကစားအားက ကျဆင်းလာခဲ့ပြီး ဘာစီလိုနာပရိသတ်တွေ အရမ်းကို မြင်တွေ့ချင်နေတဲ့ မက်ဆီ ဆွာရက်ဇ် ဂရစ်ဇ်မန်းတို့ ၃ယောက်တွဲ တိုက်စစ်အစုအဖွဲ့ကိုလည်း မြင်တွေ့ရဖို့က နောက်ထပ်ရက်သတ္တပတ်တစ်လောက်အထိကို စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်ခင်ဗျာ။