တိုက်စစ်မှူး မက်ဆီဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ Laureus Award ဆုပေးပွဲမှာ Luareus တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ဖော်မြူလာဝမ်း ကားမောင်းသူ လူးဝစ် ဟာမိတန်နဲ့ ပူးတွဲ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ “Luareus တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး အားကစားသမားဆု”ဟာ ဘောလုံး လောကမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပထမဆုံး ရရှိခဲ့တာ ဖြစ်ပြီး ရော်နယ်ဒို မရဖူးသေးတဲ့ တစ်ကိုယ်တော် ဆုအသစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Barcelona
Luareus တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး အားကစားသမားဆုကို မဲအရေအတွက် အများဆုံး ရရှိတဲ့ အားကစားသမားက ရရှိတာ ဖြစ်ပြီး မက်ဆီ နဲ့ လူးဝစ် ဟာမိတန်တို့ဟာ မဲအရေအတွက် တူတာကြောင့် ပူးတွဲ ရရှိခဲ့ကြပါတယ်။ Laureus ဆုပေးပွဲဟာ ယခုနှစ်မှာ (၂၀) ကြိမ်မြောက် ဆုပေးပွဲ ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အရင်က (၅) ကြိမ်တိုင်တိုင် ဆု ရရှိမယ့် လျာထားစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ယခုနှစ်မှသာ ပထမဆုံး အကြိမ်အနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo Credit: Barcelona
တစ်ကိုယ်တော်ဆုတွေနဲ့ ပက်သက်လာရင် မက်ဆီလို အောင်မြင်ကျော်ကြားမှုတွေ ရရှိထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ Laureus တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး အားကစားသမားဆုကို တစ်ကြိမ်မှ မရခဲ့ဘဲ ဆုရမယ့် လျာထားစာရင်းမှာသာ (၅) ကြိမ် ပါဝင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ (၂၀၂၀) ခုနှစ် အစပိုင်းမှာပဲ အခြား ဘောလုံး ကစားသမားတွေ တစ်ကြိမ်မှတောင် မရဖူးသေးတဲ့ Laureus တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်တန်စွာ ရရှိသွားခဲ့ပါတယ်။