ဘာစီလိုနာ ဥက္ကဌသစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဥက္ကဌလောင်း ဖြစ်သူ ဗစ်တာ ဖွန့်ကတော့ တကယ်လို့များ လက်ရှိ ဥက္ကဌ ဘာတိုမြူအနေနဲ့ အသင်းရဲ့ ဥက္ကဌ အဖြစ်က နှုတ်ထွက်မယ် ဆိုရင် တိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေဖြစ်လိမ့်မယ်လို့ သတင်းထောက်တွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် အင်္ဂါနေ့က အသင်းကို “FAX” နဲ့ စာပို့ပြီး ဘာစီလိုနာအသင်းက ထွက်သွားဖို့ တောင်းဆိုသွားခဲ့ပြီးတဲ့နောက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အသင်းတွေ များစွာထဲက နည်းပြဟောင်း ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ပြောင်းနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ငယ်ငယ်ကတည်းက လက်ရှိအချိန်အထိ ကစားခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ကာလရှည် ကစားခဲ့တဲ့ တစ်လျှောက် အသင်းရဲ့ ဥက္ကဌတွေနဲ့ အဆင်ပြေခဲ့ပေမယ့် လက်ရှိ ဥက္ကဌ ဘာတိုမြူနဲ့ အဆင်မပြေမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဘလွန်းဒီအော်ဆုကို (၆) ကြိမ်နဲ့ အများဆုံး ရရှိထားတာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဥက္ကဌလောင်း ဗစ်တာ ဖွန်က အသင်းရဲ့ လက်ရှိ ဥက္ကဌ ဘာတိုမြူ နှုတ်ထွက်မယ် ဆိုရင် မက်ဆီ အသင်းမှာ ဆက်နေလိမ့်မယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ဥက္ကဌဟောင်း ဗစ်တာ ဖွန့်က “မက်ဆီအသင်းမှာ ဆက်နေဖို့ ရွေးချယ်စရာ ရှိလာဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဥက္ကဌ ဘာတိုမြူ နှုတ်ထွက်မှ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ မက်ဆီက ဒီအသင်းမှာ နှစ်ပေါင်း (၂၀) နှစ် ကစားခဲ့ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်က သူ့ကို ဆုံးရှုံးမှု အများကြီး ဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဒီဟာက ဒီအသင်းမှာ သူ့ရဲ့ စိတ်ပျက်မှုကို ညွန်ပြနေပါတယ်။ ဒီဘုတ်အဖွဲ့က ဒီထွက်ခွာမှုနဲ့ အတူ ထွက်သွားနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) နဲ့ ရှုံးနိမ့်ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ အောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မရောက်ခဲ့ပါဘူး”လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။