ဘောလုံးလောကရဲ့ GOAT ကြီး လီယွန်နယ်မက်ဆီကတော့ မနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ တူးလော့စ်အသင်းတို့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် အခုရာသီအတွင်း မက်ဆီရဲ့ အမှတ်ပေးလိဂ် သွင်းဂိုးအရေအတွက်က (၁၀)ဂိုးအထိ ရှိသွားခဲ့ရသလို ဂိုးဖန်တီးမှုဟာလည်း (၁၀)ဂိုးထိ ရှိလာခဲ့တာကြောင့် မက်ဆီအနေနဲ့ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီကနေ စတင်ကာ ရာသီတိုင်းလိုလို သွင်းဂိုး(၁၀)ဂိုး+ ဂိုးဖန်တီးမှု(၁၀)ဂိုး+အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ သူ့စွမ်းဆောင်ရည်ကို (၁၅)ရာသီအထိ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

Messi's goal helps French leader PSG beat Toulouse 2-1 - The San Diego Union-Tribune

Photo Credit : Twitter

မက်ဆီက ၂၀၀၇-၂၀၀၈ ဘောလုံးရာသီကနေ စတင်ပြီး အမှတ်ပေးလိဂ်ပြိုင်ပွဲအတွင်း (၁၀)ဂိုးသွင်းယူခဲ့ကာ (၁၄)ဂိုးဖန်တီးပေးခဲ့ပြီးနောက် ဘောလုံးရာသီ (၁၅)ရာသီအထိ သွင်းဂိုး(၁၀)ဂိုး+ ဂိုးဖန်တီးမှု(၁၀)ဂိုး+ စွမ်းဆောင်မှုကို အမြဲတမ်း စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ဘောလုံးသမားတိုင်း အလိုရှိတဲ့ ဆုကြီးတစ်ဆုဖြစ်တဲ့ Ballon d’Or ဆုကို (၇)ကြိမ်နဲ့ အကြိမ်ရေ အများဆုံး ပိုင်ဆိုင်ထားပြီး အဓိက ဆုဖလားတွေအားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့သူ မက်ဆီဟာ အခုလည်း တကယ့် စွမ်းဆောင်မှုကောင်းတစ်ခုကိုပါ ထပ်မံ လုပ်ဆောင်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

၂၀၀၇-၂၀၀၈ ဘောလုံးရာသီ = သွင်းဂိုး(၁၀)ဂိုး ဂိုးဖန်တီးမှု(၁၄)ဂိုး

၂၀၀၈-၂၀၀၉ ဘောလုံးရာသီ = သွင်းဂိုး(၂၃)ဂိုး ဂိုးဖန်တီးမှု(၁၁)ဂိုး

၂၀၀၉-၂၀၁၀ ဘောလုံးရာသီ = သွင်းဂိုး(၃၄)ဂိုး ဂိုးဖန်တီးမှု(၁၁)ဂိုး

၂၀၁၀-၂၀၁၁ ဘောလုံးရာသီ = သွင်းဂိုး(၃၁)ဂိုး ဂိုးဖန်တီးမှု(၂၁)ဂိုး

၂၀၁၁-၂၀၁၂ ဘောလုံးရာသီ = သွင်းဂိုး(၅၀)ဂိုး ဂိုးဖန်တီးမှု(၁၉)ဂိုး

၂၀၁၂-၂၀၁၃ ဘောလုံးရာသီ = သွင်းဂိုး(၄၆)ဂိုး ဂိုးဖန်တီးမှု(၁၃)ဂိုး

၂၀၁၃-၂၀၁၄ ဘောလုံးရာသီ = သွင်းဂိုး(၂၈)ဂိုး ဂိုးဖန်တီးမှု(၁၁)ဂိုး

၂၀၁၄-၂၀၁၅ ဘောလုံးရာသီ = သွင်းဂိုး(၄၃)ဂိုး ဂိုးဖန်တီးမှု(၂၁)ဂိုး

၂၀၁၅-၂၀၁၆ ဘောလုံးရာသီ = သွင်းဂိုး(၂၆)ဂိုး ဂိုးဖန်တီးမှု(၁၆)ဂိုး

၂၀၁၆-၂၀၁၇ ဘောလုံးရာသီ = သွင်းဂိုး(၃၇)ဂိုး ဂိုးဖန်တီးမှု(၁၂)ဂိုး

၂၀၁၇-၂၀၁၈ ဘောလုံးရာသီ = သွင်းဂိုး(၃၄)ဂိုး ဂိုးဖန်တီးမှု(၁၄)ဂိုး

၂၀၁၈-၂၀၁၉ ဘောလုံးရာသီ = သွင်းဂိုး(၃၆)ဂိုး ဂိုးဖန်တီးမှု(၁၄)ဂိုး

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ = သွင်းဂိုး(၂၅)ဂိုး ဂိုးဖန်တီးမှု(၂၂)ဂိုး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ = သွင်းဂိုး(၃၀)ဂိုး ဂိုးဖန်တီးမှု(၁၁)ဂိုး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ = သွင်းဂိုး(၁၀)ဂိုး ဂိုးဖန်တီးမှု(၁၀)ဂိုး (ဘောလုံးရာသီမပြီးဆုံးသေး)

မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာပဲ သူရဲ့ လိဂ်သွင်းဂိုးက (၆)ဂိုးသာ ရှိခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှုမှာတော့ (၁၅)ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။