MySport Myanmar

စာချုပ်သစ်မှာ အမ်ဘာပေနဲ့ တူညီတဲ့ လုပ်ခလစာမျိုး လိုချင်နေတဲ့ လီယွန်နယ် မက်ဆီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီက သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်ရင် အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်တဲ့ အမ်ဘာပေ ရနေတဲ့ လုပ်ခလစာမျိုး ပေးရမယ်လို့ ပီအက်စ်ဂျီထံ အသိပေး အကြောင်းကြားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

 

Photo Credit: Mirror

မက်ဆီက ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ် နွေဈေးကွက်မှာ ကုန်ဆုံးဖို့ ရှိနေပြီး ပီအက်စ်ဂျီဘက်က မက်ဆီလို ကြယ်ပွင့် တိုက်စစ်မှူးကို လက်မလွှတ်လိုတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီနဲ့ မက်ဆီရဲ့ ကိုယ်စားလှယ်တွေ ကြားထဲမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် မက်ဆီရဲ့ တောင်းဆိုချက်ကြောင့် စာချုပ်သစ် ချုပ်ဆိုဖြစ်ဖို့ အခွင့်အလမ်း နည်းပါးနေပြီး မက်ဆီက စာချုပ်သစ်မှာ အမ်ဘာပေနဲ့ တူညီတဲ့ လုပ်ခလစာ ပမာဏမျိုး လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: Mirror

ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်တွေထဲက တဦး အဖြစ် တာဝန်ယူထားတဲ့ ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ကာ အဆိုပါစာချုပ်အရ အမ်ဘာပေဟာ တနှစ်ကို လုပ်ခလစာ ယူရို ၇၂သန်း အထိ ရရှိနေပါတယ်။

အမ်ဘာပေက တနှစ် လုပ်ခလစာ ယူရို ၇၂သန်း အထိ ရရှိနေချိန်မှာ မက်ဆီက တနှစ် လုပ်ခလစာ ယူရို ၃၅သန်း ဝန်းကျင်သာ ရရှိနေတာကြောင့် မက်ဆီနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေက အမ်ဘာပေလို လုပ်ခလစာမျိုး လိုချင်နေကြပြီး ပီအက်စ်ဂျီကတော့ မက်ဆီလို ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ကစားသမားမျိုးကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေဖို့ တွန့်ဆုတ်နေကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

Exit mobile version