ဘာစီလိုနာအသင္းရဲ့ အဓိက ကစားသမား လီယြန္နယ္မက္ဆီကေတာ့ ဒဏ္ရာေၾကာင့္ လက္က်န္ရာသီဝက္ကို လြဲေခ်ာ္ရေတာ့မယ့္ ဆြာရက္ဇ္ရဲ့ေနရာအတြက္ မန္စီးတီးအသင္းရဲ့ အဓိက တိုက္စစ္မွူး ဆာဂ်ီယို အဂူရိုကို ေခၚယူေပးဖို႔ နည္းျပသစ္ျဖစ္သူ စီတီယန္ကို ေတာင္းဆိုထားတယ္လို႔ စပိန္သတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
Photo Credit: Marca.com
ဆြာရက္ဇ္ဟာ ဒူးေခါင္းဒဏ္ရာကို ခြဲစိတ္မွု ျပဳလုပ္ထားခဲ့တာျဖစ္ၿပီး ျမက္ခင္းစိမ္းေတြနဲ႔ ေလးလေက်ာ္ေလာက္ ေဝးကြာရေတာ့မွာလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း မက္ဆီက အသင္းရဲ့ တိုက္စစ္ပိုင္းအတြက္ အားနည္းမွုေတြရွိလာမွာကို စိုးရိမ္ေနၿပီး သူ႔ရဲ့ နိုင္ငံ လက္ေရြးစင္အသင္းေဖာ္ျဖစ္တဲ့ အဂူရိုနဲ႔အတူ ေပါင္းစပ္ကစားဖို႔ အလိုရွိေနတာပါ။
Photo Credit: Marca.com
စပိန္သတင္းစာေတြရဲ့ ေဖာ္ျပခ်က္အရေတာ့ ဘာစီလိုနာအသင္းဟာ သူတို႔အသင္းရဲ့ နည္းျပေဟာင္း ဂြာဒီယိုလာထံကို ခ်ိတ္ဆက္မွုေတြ လုပ္ခဲ့ေၾကာင္းနဲ႔ အဂူရိုကို ေရာင္းနိုင္မလားလို႔ ေမးထားေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ဂြာဒီယိုလာဘက္ကေတာ့ အဂူရိုကို ေရာင္းခ်ဖို႔ စိတ္မဝင္စားဘူးလို႔ တုန႔္ျပန္ဖြယ္ရွိေနေၾကာင္း နီးစပ္သူေတြက ဆိုထားၾကပါတယ္။
Photo Credit: Marca.com
အဂၤလန္သတင္းစာေတြကေတာ့ အဂူရိုကို ဘာစီလိုနာအသင္းအေနနဲ႔ ေခၚယူလိုပါက ယခု အေျပာင္းအေရႊ႕ထက္ လာမယ့္ေႏြရာသီမွသာ အေျပာင္းအေရႊ႕ လုပ္ေဆာင္နိုင္ဖြယ္ရွိေနတယ္ လို႔ သုံးသပ္ထားၾကၿပီး အဂူရိုဘက္ကေတာ့ သူနဲ႔ ရင္းႏွီးတဲ့ မက္ဆီရွိတာေၾကာင့္ ဘာစီလိုနာကို ျပန္ဖို႔အတြက္ ဆႏၵရွိေနတယ္လို႔ မန္ခ်က္စတာၿမိဳ႕အေျခစိုက္သတင္းေတြက ေဖာ္ျပထားခဲ့ၾကပါတယ္။
ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကတော့ ဒဏ်ရာကြောင့် လက်ကျန်ရာသီဝက်ကို လွဲချော်ရတော့မယ့် ဆွာရက်ဇ်ရဲ့နေရာအတွက် မန်စီးတီးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာဂျီယို အဂူရိုကို ခေါ်ယူပေးဖို့ နည်းပြသစ်ဖြစ်သူ စီတီယန်ကို တောင်းဆိုထားတယ်လို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။
Photo Credit: Marca.com
ဆွာရက်ဇ်ဟာ ဒူးခေါင်းဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ထားခဲ့တာဖြစ်ပြီး မြက်ခင်းစိမ်းတွေနဲ့ လေးလကျော်လောက် ဝေးကွာရတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မက်ဆီက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားနည်းမှုတွေရှိလာမှာကို စိုးရိမ်နေပြီး သူ့ရဲ့ နိုင်ငံ လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ အဂူရိုနဲ့အတူ ပေါင်းစပ်ကစားဖို့ အလိုရှိနေတာပါ။
Photo Credit: Marca.com
စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဟောင်း ဂွာဒီယိုလာထံကို ချိတ်ဆက်မှုတွေ လုပ်ခဲ့ကြောင်းနဲ့ အဂူရိုကို ရောင်းနိုင်မလားလို့ မေးထားကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာဘက်ကတော့ အဂူရိုကို ရောင်းချဖို့ စိတ်မဝင်စားဘူးလို့ တုန့်ပြန်ဖွယ်ရှိနေကြောင်း နီးစပ်သူတွေက ဆိုထားကြပါတယ်။
Photo Credit: Marca.com
အင်္ဂလန်သတင်းစာတွေကတော့ အဂူရိုကို ဘာစီလိုနာအသင်းအနေနဲ့ ခေါ်ယူလိုပါက ယခု အပြောင်းအရွှေ့ထက် လာမယ့်နွေရာသီမှသာ အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ် လို့ သုံးသပ်ထားကြပြီး အဂူရိုဘက်ကတော့ သူနဲ့ ရင်းနှီးတဲ့ မက်ဆီရှိတာကြောင့် ဘာစီလိုနာကို ပြန်ဖို့အတွက် ဆန္ဒရှိနေတယ်လို့ မန်ချက်စတာမြို့အခြေစိုက်သတင်းတွေက ဖော်ပြထားခဲ့ကြပါတယ်။