နယ်သာလန် ဂန္တဝင် ကစားသမား ဗန် ဘန်စတာကတော့ ရော်နယ်ဒို နဲ့ မက်ဆီမှာ ရော်နယ်ဒိုကို ရွေးတဲ့ သူက ဘောလုံးအကြောင်း ဘာမှ နားမလည်တဲ့ သူ ဖြစ်မှာပါလို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီထဲမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတာ လက်ရှိ အချိန်အထိတောင် တိကျတဲ့ အဖြေရှာမရနိုင်ဆဲ ဖြစ်ပြီး ဘောလုံးလောကသားတွေ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု များစွာ ရရှိခဲ့ပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက ချန်ပီယံလိဂ် ပြိုင်ပွဲ နဲ့ နိုင်ငံပြိုင်ပွဲမှာ အောင်မြင်မှု ရရှိထားပါတယ်။

Photo Credit: Goal

မက်ဆီဟာ ပြီးခဲ့တဲ့ နှစ်မှာ အကောင်းဆုံး ကစားသမားဆု၊ ဘလွန်းဒီအော်ဆုကို (၆) ကြိမ် ရရှိခဲ့တာကြောင့် ဘလွန်းဒီအော်ဆုကို အများဆုံး ရရှိနိုင်တဲ့ ကစားသမား ဖြစ်သွားပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ တစ်ချိန်က လာလီဂါ ပြိုင်ပွဲမှာ ထိပ်တိုက် ပြိုင်ဘက် ဖြစ်ခဲ့ပြီး အခုတော့ ရော်နယ်ဒိုဟာ စီးရီးအေ ပြိုင်ပွဲမှာ ဂျုဗင်တပ်အသင်းနဲ့ ကစားနေပြီ ဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုဆီမှာ ကိုယ်စီ အားသာချက်တွေ ရှိတာကြောင့် ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ပြောနိုင်ဖို့ ခက်ခဲပေမဲ့ ဗန် ဘာစတန်က မက်ဆီ ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဗန် ဘာစတန်က ” ရော်နယ်ဒိုက ကစားသမားကောင်း တစ်ဦးပါ။ ဒါပေမဲ့လည်း ရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောတဲ့ သူက ဘောလုံးအကြောင်း ဘာမှကို မသိတဲ့ သူပါပဲ။ ဒါမှမဟုတ်ရင် သူတို့က မယုံတယုံနဲ့ ပြောကြတာ ဖြစ်မှာပါ။ မက်ဆီက တစ်မျိုးပဲ ရှိတဲ့ ကစားသမား ဖြစ်ပြီး သူ့ကို အတုခိုး နဲ့ သူ့လို ကစားဖို့က မဖြစ်နိုင်ဘူး။ သူ့လို ကစားသမားက နှစ် (၅၀) ဒါမှမဟုတ် နှစ် (၁၀၀) အတွင်းမှာ တစ်ဦးပဲ ရှိနိုင်ပါတယ်။ မက်ဆီက ဘောလုံး ပါရမီရှင်ပါ” လို့ ပြောသွားခဲ့ပြီး မက်ဆီက ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဗန် ဘာစတန် ဆိုတာ တစ်ချိန်က အေဂျက်အသင်းရဲ့ နာမည်ကျော် ကစားသမား ဖြစ်ပြီး အေဂျက်အသင်းအတွက် ပွဲစဉ် (၁၅၂) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၇၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။