ယခုနှစ် ဘောလုံးရာသီ အစကမှ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ ကနေ ပြင်သစ် လီဂူးဝမ်းကလပ် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်လီဂူးဝမ်း ကစားသမားတွေ အနက် အဆုံးသတ် အညံ့ဖျင်းဆုံး ကစားသမား ဖြစ်နေကြောင်း မှတ်တမ်းမှတ်ရာတွေ အရ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ ၂နှစ် + အပိုထပ်ဆောင်း ၁နှစ် ဆိုတဲ့ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းအတွက် ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်လီဂူးဝမ်းပွဲ ၁၂ပွဲ အထိ ပါဝင် ကစားပေးခဲ့ပါတယ်။

Photo Credit: Express

မက်ဆီဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ၁၂ပွဲ အထိ ပါဝင် ကစားထားချိန်မှာ ဂိုးကန်သွင်းခွင့် ၄၅ကြိမ် အထိ ရရှိခဲ့ပေမယ့် အဆိုပါ ၄၅ကြိမ်ကနေ သွင်းဂိုး ၁ဂိုးသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အချက်အလက် မှတ်တမ်းတွေအရ အဆုံးသတ် အညံ့ဖျင်းဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒါပေမယ့် မက်ဆီဟာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ကစားထားရာ ၅ဂိုး သွင်းယူထားနိုင်ပါတယ်။

Photo Credit: Express

ဒါကြောင့် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ စွမ်းဆောင်ရည်က ယခင်ကထက် နိမ့်ကျနေပေမယ့် ထိပ်တန်း ကစားသမား တဦးရဲ့ စွမ်းဆောင်ရည်လို့ ပြောနိုင်ပါသေးတယ်။

ကဲ ပရိသတ်ကြီးကရော မက်ဆီရဲ့ ခြေစွမ်းအပေါ် ဘယ်လိုမြင်ကြလဲဗျ…?