ဘာစီလိုနာအသင္းရဲ့ အဓိက ကစားသမားလည္းျဖစ္ ၊ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ မက္ဆီကေတာ့ ေဆာ္ဒီအာေရဗ်နိုင္ငံမွာ ပုံစံအသစ္နဲ႔ က်င္းပေနတဲ့ စပိန္စူပါဖလားရဲ့ ဆီမီးဖိုင္နယ္အဆင့္မွာ မက္ဒရစ္ၿမိဳ႕ခံအသင္းျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းကို သုံးဂိုး ႏွစ္ဂိုးနဲ႔ ရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ သူတို႔အသင္းဟာ ကေလးဆန္ဆန္အမွားေတြကို က်ဴးလြန္မိျပန္ၿပီလို႔ ၿငီးတြားသြားခဲ့ပါတယ္။

Photo Credit: Marca.com

ေဆာ္ဒီနိုင္ငံမွာ ကစားခဲ့တဲ့ပြဲစဥ္တစ္ပြဲ ျဖစ္ေပမယ့္ ဘာစီလိုနာနဲ႔ အက္သလက္တီကိုတို႔ရဲ့ ပြဲစဥ္ဟာ အႀကိတ္အနယ္ရွိခဲ့ၿပီး ပြဲကစားခ်ိန္ ပထမပိုင္းမွာ သြင္းဂိုးေတြ မသြင္းယူနိုင္ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ရင္ခုန္စိတ္လွုပ္ရွားစရာေကာင္းတဲ့ ရသေတြကို ပရိသတ္ေတြဆီ ေပးပို႔သြားနိုင္ခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ဂိုးအားလုံးဟာ ဒုတိယပိုင္းတစ္ခုတည္းမွာပဲ သြင္းယူခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Photo Credit: Marca.com

ပြဲစဥ္ရဲ့ အဖြင့္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၄၆မိနစ္မွာ အက္သလက္တီကိုအသင္းရဲ့ ကြင္းလယ္ ကစားသမား ကိုကီက သြင္းယူခဲ့တာပါ။ အဲ့ဒီေနာက္မွာေတာ့ ဘာစီလိုနာအသင္းဘက္က ၅၁မိနစ္မွာ မက္ဆီနဲ႔ ၆၂မိနစ္မွာ ဂရစ္ဇ္မန္းတို႔ရဲ့ သြင္းဂိုးေတြနဲ႔အတူ ပြဲစဥ္ကို ျပန္လည္ ဦးေဆာင္နိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာအသင္းဟာ ပြဲကို ဦးေဆာင္ကစားခဲ့ေပမယ့္ ပြဲကစားခ်ိန္ ၈၁မိနစ္မွာေတာ့ မိုရာတာက အက္သလက္တီကိုအတြက္ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီး အနိုင္ဂိုးကိုေတာ့ ပြဲခ်ိန္ ၈၆ မိနစ္မွာ ေကာ္ရီယာက သြင္းယူေပးခဲ့တာပါ။

Photo Credit: Marca.com

နိုင္ေနလ်က္ကေန ဆယ္မိနစ္အတြင္ ဂိုးေတြ ျပန္ေပးခဲ့ရၿပီး ရွုံးနိမ့္ခဲ့တဲ့အေပၚ မက္ဆီက ” ဒါက ရွက္စရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုပါ။ ကၽြန္ေတာ္တို႔ဟာ ပြဲစဥ္ကို အေကာင္းဆုံး ကစားနိုင္ခဲ့ၿပီး ေဘာလုံးကို ထိန္းေက်ာင္းတာေတြ ၊ တိုက္စစ္ဆင္တာေတြကို အခ်ိန္ျပည့္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲၿပီးဆုံးဖို႔ ဆယ္မိနစ္အလိုမွာ သူတို႔ဟာ ပြဲကိုေျပာင္းလဲပစ္နိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကေလးဆန္ဆန္အမွားေတြကို က်ဴးလြန္မိခဲ့ၾကၿပီး ဒါမ်ိဳးေတြကို ေနာက္ထပ္ တစ္ႀကိမ္ မျပဳလုပ္မိဖို႔ လိုပါတယ္ ” လို႔ ၿငီးတြားသြားခဲ့ပါတယ္။

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ မက်ဆီကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ ပုံစံအသစ်နဲ့ ကျင်းပနေတဲ့ စပိန်စူပါဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ မက်ဒရစ်မြို့ခံအသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူတို့အသင်းဟာ ကလေးဆန်ဆန်အမှားတွေကို ကျူးလွန်မိပြန်ပြီလို့ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Marca.com

ဆော်ဒီနိုင်ငံမှာ ကစားခဲ့တဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ပေမယ့် ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ရဲ့ ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကစားချိန် ပထမပိုင်းမှာ သွင်းဂိုးတွေ မသွင်းယူနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရသတွေကို ပရိသတ်တွေဆီ ပေးပို့သွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဂိုးအားလုံးဟာ ဒုတိယပိုင်းတစ်ခုတည်းမှာပဲ သွင်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

ပွဲစဉ်ရဲ့ အဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၄၆မိနစ်မှာ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ် ကစားသမား ကိုကီက သွင်းယူခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာအသင်းဘက်က ၅၁မိနစ်မှာ မက်ဆီနဲ့ ၆၂မိနစ်မှာ ဂရစ်ဇ်မန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပွဲစဉ်ကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ပွဲကို ဦးဆောင်ကစားခဲ့ပေမယ့် ပွဲကစားချိန် ၈၁မိနစ်မှာတော့ မိုရာတာက အက်သလက်တီကိုအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၆ မိနစ်မှာ ကော်ရီယာက သွင်းယူပေးခဲ့တာပါ။

Photo Credit: Marca.com

နိုင်နေလျက်ကနေ ဆယ်မိနစ်အတွင် ဂိုးတွေ ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တဲ့အပေါ် မက်ဆီက ” ဒါက ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်တို့ဟာ ပွဲစဉ်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဘောလုံးကို ထိန်းကျောင်းတာတွေ ၊ တိုက်စစ်ဆင်တာတွေကို အချိန်ပြည့်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးဖို့ ဆယ်မိနစ်အလိုမှာ သူတို့ဟာ ပွဲကိုပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကလေးဆန်ဆန်အမှားတွေကို ကျူးလွန်မိခဲ့ကြပြီး ဒါမျိုးတွေကို နောက်ထပ် တစ်ကြိမ် မပြုလုပ်မိဖို့ လိုပါတယ် ” လို့ ငြီးတွားသွားခဲ့ပါတယ်။