ဘာစီလုိနာ တုိက္စစ္မွဴး မက္ဆီက လာလီဂါ ၿပိဳင္ပဲြမွာ ရီးရဲလ္ တုိက္စစ္မွဴးေဟာင္း ေရာ္နယ္ဒုိနဲ႔ ယွဥ္ျပိဳင္ခဲ့တာက အထူး ယွဥ္ျပိဳင္မႈ ျဖစ္ၿပီး သူတုိ႔ႏွစ္ဦးရဲ႕ ယွဥ္ျပိဳင္မႈကုိ လူေတြက ထာဝရ အျမဲ သတိရေနၾကေတာ့မွာပါလုိ႔ ေျပာခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ (၂၀၀၉) ခုႏွစ္မွာ ရီးရဲလ္အသင္းကုိ ေရာက္လာခဲ့ၿပီး (၂၀၀၉) ခုႏွစ္က စတင္ၿပီး မက္ဆီနဲ႔ အတူ ေဘာလုံး ကမၻာကုိ စုိးမုိးခဲ့ၾကသလုိ၊ တစ္ကုိယ္ေတာ္ ဆုေတြကုိလည္း သူတစ္လွည့္ ကုိယ္တစ္လွည့္ အျပိဳင္ ရယူလာခဲ့ၾကပါတယ္။

Photo Credit: Goal

မက္ဆီ နဲ႔ ေရာ္နယ္ဒုိဟာ အျမင့္မားဆုံး တစ္ကုိယ္ေတာ္ ဆု၊ ေဘာ္လြန္းဒီေအာ္ဆုကုိ (၂၀၁၈) ခုႏွစ္ကလဲြရင္ (၁၂) ႏွစ္ဆက္နီးပါး အတုံ႔အလွည့္ ရယူလာခဲ့ၿပီး (၂၀၁၈) ခုႏွစ္မွာေတာ့ ရီးရဲလ္ ကြင္းလယ္လူ မုိဒရစ္က ရယူခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ (၂၀၁၈) ခုႏွစ္မွာ ရီးရဲလ္အသင္းကေန ဂ်ဳဗင္တပ္အသင္းကို ေျပာင္းသြားတဲ့ အခ်ိန္မွာေတာ့ မက္ဆီကသာ လာလီဂါ ကမၻာကုိ သူ တစ္ဦးတည္း စုိးမုိးလာခဲ့ၿပီး ေရာ္နယ္ဒုိနဲ႔ ယွဥ္ျပိဳင္ခဲ့တာကို အမွတ္ရၾကမယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

DAZN မွာ မက္ဆီက “သူနဲ႔ ယွဥ္ျပိဳင္မႈက အထူးယွဥ္ျပိဳင္မႈျဖစ္ၿပီး ထာဝရအမွတ္ရေနၾကမွာပါပဲ။ ဘာလုိ႔လဲဆုိရင္ေတာ့ ဒီယွဥ္ျပိဳင္မႈဟာ ႏွစ္မ်ားစြာ ၾကာခဲ့လုိ႔ပါ။ ရီးရဲလ္အသင္းမွာ ေရာ္နယ္ဒုိ ရွိေနတုန္းက ပဲြစဥ္ေတြက အျမဲတမ္း အထူးပဲြစဥ္ ျဖစ္ခဲ့ပါတယ္။ ရီးရဲလ္အသင္းနဲ႔ ကစားတဲ့ အခါမွာ ပဲြစဥ္ေတြက အျမဲတမ္း ထူးျခားတဲ့ ပဲြစဥ္ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒုိ ပါတယ္ဆုိရင္ ပဲြစဥ္ေတြက အမ်ားႀကီး ပုိၿပီး ထူးျခားတဲ့ ပဲြစဥ္ ျဖစ္လာပါတယ္။ ဒါေပမဲ့ အခု အဲဒီအဆင့္ကုိ ေက်ာ္ခဲ့ပါၿပီ။ ကြ်န္ေတာ္တုိ႔ ႀကံဳခဲ့ၿပီပါၿပီ။ အခု ေရွ႕ကုိ ေမွ်ာ္ၿပီး ဘာျဖစ္လာမလဲ ၾကည့္ရမွာပါ”လုိ႔ ေျပာပါတယ္။

{Unicode}

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက လာလီဂါ ပြိုင်ပွဲမှာ ရီးရဲလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ခဲ့တာက အထူး ယှဉ်ပြိုင်မှု ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ယှဉ်ပြိုင်မှုကို လူတွေက ထာဝရ အမြဲ သတိရနေကြတော့မှာပါလို့ ပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၉) ခုနှစ်မှာ ရီးရဲလ်အသင်းကို ရောက်လာခဲ့ပြီး (၂၀၀၉) ခုနှစ်က စတင်ပြီး မက်ဆီနဲ့ အတူ ဘောလုံး ကမ္ဘာကို စိုးမိုးခဲ့ကြသလို၊ တစ်ကိုယ်တော် ဆုတွေကိုလည်း သူတစ်လှည့် ကိုယ်တစ်လှည့် အပြိုင် ရယူလာခဲ့ကြပါတယ်။

Photo Credit: Goal

မက်ဆီ နဲ့ ရော်နယ်ဒိုဟာ အမြင့်မားဆုံး တစ်ကိုယ်တော် ဆု၊ ဘော်လွန်းဒီအော်ဆုကို (၂၀၁၈) ခုနှစ်ကလွဲရင် (၁၂) နှစ်ဆက်နီးပါး အတုံ့အလှည့် ရယူလာခဲ့ပြီး (၂၀၁၈) ခုနှစ်မှာတော့ ရီးရဲလ် ကွင်းလယ်လူ မိုဒရစ်က ရယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၁၈) ခုနှစ်မှာ ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းသွားတဲ့ အချိန်မှာတော့ မက်ဆီကသာ လာလီဂါ ကမ္ဘာကို သူ တစ်ဦးတည်း စိုးမိုးလာခဲ့ပြီး ရော်နယ်ဒိုနဲ့ ယှဉ်ပြိုင်ခဲ့တာကို အမှတ်ရကြမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

DAZN မှာ မက်ဆီက “သူနဲ့ ယှဉ်ပြိုင်မှုက အထူးယှဉ်ပြိုင်မှုဖြစ်ပြီး ထာဝရအမှတ်ရနေကြမှာပါပဲ။ ဘာလို့လဲဆိုရင်တော့ ဒီယှဉ်ပြိုင်မှုဟာ နှစ်များစွာ ကြာခဲ့လို့ပါ။ ရီးရဲလ်အသင်းမှာ ရော်နယ်ဒို ရှိနေတုန်းက ပွဲစဉ်တွေက အမြဲတမ်း အထူးပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းနဲ့ ကစားတဲ့ အခါမှာ ပွဲစဉ်တွေက အမြဲတမ်း ထူးခြားတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒို ပါတယ်ဆိုရင် ပွဲစဉ်တွေက အများကြီး ပိုပြီး ထူးခြားတဲ့ ပွဲစဉ် ဖြစ်လာပါတယ်။ ဒါပေမဲ့ အခု အဲဒီအဆင့်ကို ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့ ကြုံခဲ့ပြီပါပြီ။ အခု ရှေ့ကို မျှော်ပြီး ဘာဖြစ်လာမလဲ ကြည့်ရမှာပါ”လို့ ပြောပါတယ်။