ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ဘာစီလိုနာအသင်းမှာ (၂၀၁၃-၁၄) ခုနှစ်ကနေ (၂၁၆-၁၇) ခုနှစ်အထိ (၃) နှစ်ကျော်ကြာ အတူ တွဲကစားခဲ့ဖူးတဲ့ နေမာကို ဘာစီလိုနာအသင်းမှာ ပြန်လာကစားစေချင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး နေမာဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်က အပြောင်းရွှေ့ ဈေးကွက်မှာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီး ကမ္ဘာ့ ဈေးအကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit: Goal

နေမာဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းသွားပြီး (၂) နှစ်ခန့်အကြာမှာပဲ ဘာစီလိုနာအသင်းကို ပြန်လာဖို့ စတင် ချိတ်ဆက်လာခဲ့ပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့လည်း ဘာစီလိုနာအသင်းကို ပြောင်းဖို့ မဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဒမ်ဘီလီရဲ့ နေရာမှာ အစားထိုးဖို့ လီဂါနက်စ် တိုက်စစ်မှူး မာတင် ဘရိသဝိတ်ကို ခေါ်ယူခဲ့ပြီး မက်ဆီကတော့ အသင်းဖော်ဟောင်း နေမာကို ပီအက်စ်ဂျီအသင်းက ပြန်ခေါ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီက “ကျွန်တေ်ာ အကြိမ်ပေါင်းများစွာ ပြောခဲ့သလို ဘောလုံးနယ်ပယ်အဆင့်မှာ နေမာက ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ။ သူ ဘာစီလိုနာအသင်းကို ပြန်လာရင် ကျွန်တော် သဘောကျမိမှာပါ။ သူက ပြန်လာဖို့ တကယ် မျှော်လင့်နေပါတယ်။ သူ အသင်းက ထွက်သွားပြီးတဲ့ အချိန်မှာ သူ စိတ်မကောင်း ဖြစ်ခဲ့ပုံပါပဲ။ သူ ဘာစီလိုနာအသင်းကို ပြန်လာဖို့ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ဒါက သူ ပြန်လာဖို့ ပထမဆုံး ခြေလှမ်းပါပဲ”လို့ ပြောသွားပါတယ်။