အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီအသင်း ၊ ဂျူဗင်တပ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုတို့ဟာ ယနေ့ခေတ် ဘောလုံးလောကမှာ ပြိုင်ဘက်ကင်းတဲ့ ကစားသမားနှစ်ဦး ဆိုတာ ပရိသတ်တွေ အားလုံးလည်း သိရှိကြမှာပါ။ နှစ်ဦးပေါင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၁၁ကြိမ်အထိ ရရှိထားသလို ဆယ်စုနှစ် တစ်ခုကြာအောင် Ballon D’or ဆုကို တစ်ယောက် တစ်လှည့် ရယူခဲ့ကြတဲ့ ကစားသမားတွေဆိုရင်လည်း မှားမယ် မထင်ပါဘူး။ နှစ်ဦးစလုံးဟာ မတူညီတဲ့ အားသာချက်တွေကို ပိုင်ဆိုင်ထားကြပေမယ့် တူညီတဲ့ အရာတစ်ခု ကတော့ သူတို့တွေ ပါဝင်တဲ့ အသင်းတွေဟာ တစ်ဖက်အသင်းကို အနိုင်ရရှိဖို့အတွက် ပိုမို အခွင့်အလမ်း များပြားတာပါပဲ။

Photo Credit: AS English

ဒါ့ကြောင့်ပဲ ဘောလုံးသမား တစ်ယောက်ရဲ့ နေဝင်ချိန်လို့ ပြောလို့ရတဲ့ အသက် ၃၃နှစ်အရွယ် ကျော်သွားသည့် တိုင်အောင် လက်ရှိအချိန်အထိ ရိုနယ်ဒိုနဲ့ မက်ဆီကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဒုနဲ့ဒေး ရှိနေဆဲပါ။ ဒါပေမယ့် မိတ်ဆွေဟာ မက်ဆီနဲ့ ရိုနယ်ဒို နှစ်ဦးအနက် တစ်ဦးကိုပဲ ခေါ်ယူခွင့် ရှိမယ်ဆိုရင် ဘယ်သူ့ကို ကိုယ့်ရဲ့အသင်း အတွက် ခေါ်ယူမှာလဲ….။ လှပတဲ့ ကစားဟန်နဲ့ နေရာစုံမှာ ကစားနိုင်တဲ့ မက်ဆီလား..။ ပေါက်ကွဲအားကောင်းပြီး ဘယ်ခြေ ၊ ညာခြေမရွေးပဲ ဂိုးသွင်းယူနိုင်တဲ့ ရိုနယ်ဒိုလား…။ ဒီမေးခွန်းဟာ လက်ရှိ ဘောလုံးလောက အတွင်းမှာ ဆုံးဖြတ်ရ အခက်ခဲဆုံး မေးခွန်းတွေထဲက တစ်ခု ဖြစ်ပြီး ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုဖို့ မည်သူမဆို တစ်မိနစ်ခန့် အချိန်ယူကြရပါတယ်။

Photo Credit: Express

နယ်သာလန် ထိပ်သီးအသင်း ဖြစ်တဲ့ အေဂျက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ် တိုက်စစ် ကစားသမား တာဒစ်ဟာလည်း အင်တာဗျူးတစ်ခုမှာ ဒီမေးခွန်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်အသင်းအတွက် မက်ဆီနဲ့ ရိုနယ်ဒို နှစ်ဦးအနက် ဘယ်တစ်ယောက်ကို ခေါ်ယူချင်လဲ ဆိုတဲ့ မေးခွန်းကို မေးမြန်းခံခဲ့ရချိန် မှာတော့ တာဒစ်က ရိုနယ်ဒိုကို ခေါ်ယူသွားပါမယ် လို့ ဖြေဆိုသွားခဲ့ပါတယ်။ တာဒစ်က ” မက်ဆီဟာ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်က ပွဲကြီးပွဲကောင်း တစ်ပွဲကို အနိုင်ရဖို့ အတွက် လိုအပ်နေမယ် ဆိုရင်တော့ ရိုနယ်ဒိုကိုပဲ ကျွန်တော့်အသင်းအတွက် ရွေးချယ်သွားမှာပါ ” လို့ ဖြေဆိုသွားခဲ့တာပါ။ ကဲ ပရိသတ်ကြီးကရော ပွဲကြီးပွဲကောင်း တစ်ပွဲကို ကစားရတော့မယ် ဆိုရင် ဘယ်ကစားသမား ကို ကိုယ့်အသင်းအတွက် ခေါ်ယူမှာလဲ…။ မက်ဆီလား…။ ရိုနယ်ဒိုလား….။ Comment Box မှာ ဖြေဆိုပေးသွားကြပါဦးဗျ….။