ကမၻာ့အေကာင္းဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္အတြက္ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ ႏွစ္ဦးတည္း ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ မက္ဆီနဲ႔ ရိုနယ္ဒိုတို႔ကေတာ့ လက္ရွိအခ်ိန္မွာ ကစားသမားဘဝရဲ့ ေနာက္ဆုံးကာလကို ေရာက္ရွိေနၿပီလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ဦးစလုံဟာ ေျခစြမ္းပိုင္းမွာေတာ့ ထိပ္ဆုံးအဆင့္မွာ ရွိေနၾကၿပီး ၂၀၂၀ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ဦးခ်ိဳးျဖတ္သြားနိုင္မယ္လို႔ ယူဆရတဲ့ စံခ်ိန္တခ်ိဳ႕ကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit: Marca

ခ်န္ပီယံလိဂ္ရဲ့ ဟက္ထရစ္အမ်ားဆုံး

လက္ရွိအခ်ိန္မွာ မက္ဆီနဲ႔ရိုနယ္ဒိုတို႔ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့ ဟက္ထရစ္အႀကိမ္ေရ အမ်ားဆုံးကစားသမားေတြအျဖစ္ ရွစ္ႀကိမ္စီနဲ႔ ပူးတြဲရပ္တည္ေနသူေတြပါ။ ဒါေပမယ့္ ႏွစ္ဦးစလုံးရဲ့ ကလပ္အသင္းေတြျဖစ္တဲ့ ဘာစီလိုနာအသင္းေရာ ဂ်ဴဗင္တပ္အသင္းကပါ ရွုံးထြက္အဆင့္မွာ ရွိေနေသးတာေၾကာင့္ သူတို႔ႏွစ္ဦးထဲက တစ္ဦးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့ ဟက္ထရစ္အမ်ားဆုံး ရရွိထားတဲ့ ကစားသမားအျဖစ္ စံခ်ိန္မွတ္တမ္းဝင္နိုင္ပါတယ္။

Photo Credit: Marca

 

တစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းသူ

ေဘာလုံးကစားသမားဘဝမွာ ဘာစီလိုနာအသင္းတစ္သင္းတည္းမွာသာ ကစားခဲ့တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ စုစုေပါင္း ၆၁၇ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ၿပီး သူဟာ ကလပ္အသင္းတစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူပိုင္ဆိုင္နိုင္ဖို႔အတြက္ ဘရာဇီးလ္အသင္းရဲ့ ဂႏၲဝင္ကစားသမား ပီလီက ဆန္းတို႔စ္အသင္းအတြက္ သြင္းယူေပးထားတဲ့ ၆၄၃ဂိုးဆိုတဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ရမွာပါ။ ပီလီနဲ႔ မက္ဆီတို႔ၾကားက သြင္းဂိုးကြာဟခ်က္က ၂၆ဂိုးတည္းျဖစ္တာေၾကာင့္ မက္ဆီအေနနဲ႔ မၾကာမီမွာပဲ ဒီစံခ်ိန္ကို ရနိုင္ဖြယ္ ရွိေနပါတယ္။

Photo Credit: Marca

နိုင္ငံတကာဂိုးသြင္းအမ်ားဆုံး ကစားသမား

လက္ရွိအခ်ိန္အထိ ေပၚတူဂီအသင္းရဲ့ အဓိ​က ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနဆဲ ျဖစ္တဲ့ ရိုနယ္ဒိုအတြက္ စိန္ေခၚမွုအႀကီးမားဆုံး စံခ်ိန္တစ္ခုကေတာ့ နိုင္ငံတကာသြင္းဂိုးအမ်ားဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ပါပဲ။ အီရန္အသင္းရဲ့တိုက္စစ္မွူး အလီဒါယီဟာ အဆိုပါ ဂုဏ္ပုဒ္ကို ၁၀၉ဂိုးသြင္းယူကာ ရရွိထားခဲ့တာ ျဖစ္ၿပီး လက္ရွိမွာ ရိုနယ္ဒိုရဲ့နိုင္ငံတကာ သြင္းဂိုးဟာ ၉၉ဂိုးအထိ ရွိေနၿပီျဖစ္တာေၾကာင့္ မၾကာမီမွာပဲ အလီဒါယီရဲ့စံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ရွိေနပါတယ္။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်အတွက် ဆယ်စုနှစ်တစ်ခုကြာအောင် နှစ်ဦးတည်း ယှဉ်ပြိုင်ခဲ့ကြတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ကတော့ လက်ရှိအချိန်မှာ ကစားသမားဘဝရဲ့ နောက်ဆုံးကာလကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးစလုံဟာ ခြေစွမ်းပိုင်းမှာတော့ ထိပ်ဆုံးအဆင့်မှာ ရှိနေကြပြီး ၂၀၂၀ခုနှစ်မှာတော့ သူတို့နှစ်ဦးချိုးဖြတ်သွားနိုင်မယ်လို့ ယူဆရတဲ့ စံချိန်တချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Marca

ချန်ပီယံလိဂ်ရဲ့ ဟက်ထရစ်အများဆုံး

လက်ရှိအချိန်မှာ မက်ဆီနဲ့ရိုနယ်ဒိုတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဟက်ထရစ်အကြိမ်ရေ အများဆုံးကစားသမားတွေအဖြစ် ရှစ်ကြိမ်စီနဲ့ ပူးတွဲရပ်တည်နေသူတွေပါ။ ဒါပေမယ့် နှစ်ဦးစလုံးရဲ့ ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာအသင်းရော ဂျူဗင်တပ်အသင်းကပါ ရှုံးထွက်အဆင့်မှာ ရှိနေသေးတာကြောင့် သူတို့နှစ်ဦးထဲက တစ်ဦးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဟက်ထရစ်အများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်နိုင်ပါတယ်။

Photo Credit: Marca

တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းသူ

ဘောလုံးကစားသမားဘဝမှာ ဘာစီလိုနာအသင်းတစ်သင်းတည်းမှာသာ ကစားခဲ့တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၆၁၇ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး သူဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင်ကစားသမား ပီလီက ဆန်းတို့စ်အသင်းအတွက် သွင်းယူပေးထားတဲ့ ၆၄၃ဂိုးဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ရမှာပါ။ ပီလီနဲ့ မက်ဆီတို့ကြားက သွင်းဂိုးကွာဟချက်က ၂၆ဂိုးတည်းဖြစ်တာကြောင့် မက်ဆီအနေနဲ့ မကြာမီမှာပဲ ဒီစံချိန်ကို ရနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit: Marca

နိုင်ငံတကာဂိုးသွင်းအများဆုံး ကစားသမား

လက်ရှိအချိန်အထိ ပေါ်တူဂီအသင်းရဲ့ အဓိ​က ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေဆဲ ဖြစ်တဲ့ ရိုနယ်ဒိုအတွက် စိန်ခေါ်မှုအကြီးမားဆုံး စံချိန်တစ်ခုကတော့ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ အီရန်အသင်းရဲ့တိုက်စစ်မှူး အလီဒါယီဟာ အဆိုပါ ဂုဏ်ပုဒ်ကို ၁၀၉ဂိုးသွင်းယူကာ ရရှိထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ရိုနယ်ဒိုရဲ့နိုင်ငံတကာ သွင်းဂိုးဟာ ၉၉ဂိုးအထိ ရှိနေပြီဖြစ်တာကြောင့် မကြာမီမှာပဲ အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ရှိနေပါတယ်။