လက်ရှိ မော်ဒန်ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် တညီတညွတ်ထဲ သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီနဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုတို့က သူတို့ဟာ အရွယ်လွန်ပေမယ့် ဂိုးသွင်းအား ကောင်းနေဆဲ ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆယ်ဦး စာရင်းဝင် တိုက်စစ်မှူးတွေ ဖြစ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ သွင်းဂိုးတွေ သွင်းယူရင်း သက်သေပြသွားခဲ့ပါတယ်။

နှစ်ဦးပေါင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၁၂ကြိမ် အထိ ရရှိထားတဲ့ ရိုနယ်ဒိုနဲ့ မက်ဆီတို့က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ နှစ်ဦးပေါင်း သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Marca

အာဂျင်တီးနားနဲ့အတူ Finalissima ဖလားပြိုင်ပွဲကို ပူပူနွေးနွေး ရရှိထားတဲ့ လီယွန်နယ် မက်ဆီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဂျင်တီးနား ၅-၀ အက်စတိုးနီးယားပွဲမှာ တဦးထဲ ၅ဂိုးစလုံးကို သွင်းယူကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ မပျောက်ဆုံးသေးကြောင်းကို သက်သေပြသွားခဲ့ပါတယ်။

တဖက်မှာလည်း ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ပေါ်တူဂီ ၄-၁ ဆွစ်ဇာလန် ပွဲစဉ်မှာ ပေါ်တူဂီကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘောလုံးပရိသတ် အများစုက ဆိုရှယ်မီဒီယာတွေ ကနေ တဆင့် ရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ခြေစွမ်းကောင်းတွေကို ချီးကျူးနေကြပြီး ရိုနယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးကို “ဘယ်တော့မှ မသေဆုံးတဲ့ ဘောလုံးသူရဲကောင်းတွေ” လို့ အမည်တပ်နေကြပါသေးတယ်။

ကဲ ပရိသတ်ကြီးကရော ရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ပေါ်တူဂီနဲ့ အာဂျင်တီးနားတို့က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ထင်ကြလားဗျ…?