ယမန်နေ့ညမှာတော့ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး တစ်ဦးဖြစ်တဲ့ ဒီယေဂို မာရာဒိုနာဟာ ရုတ်တရတ် နှလုံးထဖောက်မှု ကနေ သူချစ်တဲ့ ဘောလုံးလောကနဲ့ ဘောလုံး ပရိသတ်တွေကို စွန့်ခွာ သွားခဲ့ပါတယ်။ ဘုရားပေးတဲ့လက် ရယ် ဆိုပြီး သမိုင်းဝင် စကားတစ်ခွန်း ကို ပြောခဲ့တဲ့ မာရာဒိုနာဟာ ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်တာကြောင့် သူ ကွယ်လွန်သွားတဲ့ အပေါ် ဘောလုံးလောက တစ်ခုလုံးက ကြေကွဲ ဝမ်းနည်း ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က မာရာဒိုနာ ကွယ်လွန်သွားတဲ့ အပေါ် မက်ဆီ ၊ ရိုနယ်ဒိုနဲ့ ကလော့ပ်တို့ ပြောကြား သွားတဲ့ ဝမ်းနည်းခြင်းစကားတွေကို စုစည်း တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

မာရာဒိုနာ ကွယ်လွန်သွားခြင်းအပေါ် မက်ဆီ၏ ဝမ်းနည်းစကား – “အာဂျင်တီးနား နိုင်ငံသားတွေ အားလုံးအတွက်ရော ဘောလုံးလောက အတွက်ပါ အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ နေ့ရက်တစ်ခုပါ။ သူက ကျွန်တော်တို့ကို စွန့်ခွာသွားပေမယ့် ကျွန်တော်တို့ ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေမယ့် လူတစ်ဦးပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီယေဂိုဟာ ထာဝရ ရှင်သန်နေမယ့် လူတစ်ဦး ဖြစ်နေလို့ပါပဲ။ သူနဲ့ အတူ ရှိနေစဉ်တုန်းက ရခဲ့တဲ့ အမှတ်တရကောင်းလေးတွေကို အမြဲတမ်း သတိရသွားမှာ ဖြစ်ပြီး ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ကျန်ရစ်သူ မိသားစုထံ ပေးပို့လျက်… RIP”

Photo Credit: Mirror

မာရာဒိုနာ ကွယ်လွန်သွားခြင်း အပေါ် စီရိုနယ်ဒို၏ ဝမ်းနည်းစကား – “ ဒီနေ့မှာတော့ ကျွန်တော်ဟာ သူငယ်ချင်း တစ်ဦးကို နှုတ်ဆက်ခဲ့ရသလို တစ်ကမ္ဘာလုံးကလည်း အမြဲတမ်း ကျွန်တော်တို့ ရင်ထဲမှာ ရှိနေမယ့် ပါရမီရှင်တစ်ဦးကို နှုတ်ဆက်ခဲ့ရပါတယ်။ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ၊ နှိုင်းယှဉ်လို့ မရတဲ့ မှော်ဆရာတစ်ဦးက အစောကြီး နှုတ်ဆက် ထွက်ခွာ သွားပေမယ့် မရေမတွက် နိုင်တဲ့ အမွှေအနှစ်တွေကို ချန်ရစ်ခဲ့တဲ့ပါတယ်။ သူ့ရဲ့ ကွက်လပ်ကို ကျွန်တော်တို့ ပြန်ဖြည့်နိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ အနားယူပါ။ ခင်ဗျားကို ဘယ်တော့မှ‌ မေ့ကြမှာ မဟုတ်ပါဘူး”

Photo Credit: Mirror

မာရာဒိုနာ ကွယ်လွန်သွားခြင်း အပေါ် ကလော့ပ်ရဲ့ ဝမ်းနည်းစကား – “ကျွန်တော်က သူ့ကို နှစ်သက်ပါတယ်။ အခု ကျွန်တော့်ရဲ့ အသက်က ၅၃နှစ် ရှိပါပြီ။ သူ့ကို ကျွန်တော့်ဘဝ တစ်လျှောက်လုံး သဘောကျ နှစ်ခြိုက်ခဲ့တာပါ။ ကျွန်တော် အသက် ၈နှစ် ၊ ၉နှစ် ၊ ဒါမှမဟုတ် ၁၀နှစ်မှာ သူ့ကို ပထမဦးဆုံး အကြိမ် မြင်ဖူးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူက အသက် ၁၆နှစ် ဒါမှမဟုတ် အသက် ၁၇နှစ် အရွယ် ရှိနေပါပြီ။ သူ ဘောလုံးကစားတဲ့ ဗွီဒီယိုတိုင်းကို ကျွန်တော် နှစ်သက် သဘောကျပါတယ်။ သိပ်မကြာခင်က ကျွန်တော် သူ့ရဲ့ ဘဝအကြောင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို တွေ့ခဲ့ပါတယ်။ သူဟာ အရမ်းကို ကြီးကျယ်တဲ့ ကစားသမား တစ်ဦးပါ။ ကျွန်တော် သူ့ကို သတိရနေမှာပါ”