ဇန်နဝါရီလလောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် တစ်ကမ္ဘာလုံးကို ပျံနှံခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင်ရောဂါဆိုးကြီးကြောင့် ဘောလုံးပြိုင်ပွဲတွေကိုလည်း ရပ်နားထားခဲဲ့ရပြီး ဘောလုံးသမားတွေဟာလည်း ဘောလုံးကစားခြင်းမပြုရတာ (၂)လနီးပါးလောက်အထိကို ကြာမြင့်နေခဲ့ရပြီဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ ကိုရိုနာဗိုင်းရပ်စ် Lockdown အခြေအနေကြောင့် သူ့အတွက် ဘာစီလိုနာအသင်းအတွက်ပါ အကျိုးရှိစေခဲ့တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : EssentiallySports

မက်ဆီက “အခု ခဏလောက်တာ ရပ်နားထားခြင်းက ကျွန်တော်တို့အတွက် အကျိုးရှိစေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတွေသာ အရင်လို ပြန်လည်စတင်တော့မယ်ဆိုရင်တော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အားလုံးကလည်း သံသယရှိနေကြတာကို။ ဒါပေမယ့် ပွဲတွေပြန်လည်စတင်ချိန်မှာ ကျွန်တော်တို့မှာရှိတဲ့ အဆင့်တစ်ခုလောက် ပြန်ရနိုင်ပါ့မလားဆိုတာကလည်း အရေးကြီးပါသေးတယ်။ လက်ရှိ ရုပ်ပိုင်းဆိုင်ရာအရတော့ ကျွန်တော်ခံစားလို့ကောင်းနေပါတယ်။ ကျွန်တော်ဒီရက်တွေ နေအိမ်မှာပဲ လေ့ကျင့်ခန်းဆင်းနေသလို ဒါကလည်း ကျွန်တော်ရဲဲ့ ကြံခိုင်ရေးအတွက် တိုးတတ်ကောင်းမွန်စေပါတယ်”

Photo Credit : FC Barcelona

“ဘယ်မှမသွားပဲ နေအိမ်မှာပဲ နေထိုင်နေရတာတော့ အားလုံးအတွက် အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုဝင်တွေ အားလုံးပျော်ရွှင်နေနိုင်အောင်တော့ ကျွန်တော်ကြိုးစားခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီရဲ့ ပြောဆိုချက်အရ သူအပါအဝင် ကစားသမားတွေက နေအိမ်မှာ မိသားစုဝင်တွေနဲ့ အတူနေရချိန် ပိုမိုရရှိခဲ့ပြီး နားရက်တွေလည်း ပိုရခဲ့သလို ဒဏ်ရာရနေတဲ့ ကစားသမားတွေမှာလည်း Covid-19 Lockdown ကာလမှာ သူတို့ရဲ့ ဒဏ်ရာတွေ ပြန်လည်သက်သာလာဖို့ အချိန်ယူနိုင်ခဲ့တာကြောင့် အကျိုးရှိမှုတွေကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှယ် တိုက်စစ်ကစားသမား မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုာနာအသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီ်း သွင်းဂိုး(၂၄)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုကိုလည်း (၁၆)ဂိုးအထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဒီရာသီ လာလီဂါမှာတော့ ဘာစီလိုနာအသင်းအတွက် လိဂ်သွင်းဂိုး(၁၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး လာလီဂါရွှေဖိနပ်ဆုကို ဆက်လက်ပိုင်ဆိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လို့နေပါတယ်။