ဘိုင်ယန် မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး သောမတ် မူလာကတော့ ဂိုးသွင်းနိုင်ဖို့အတွက် ဆိုရင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုထက် လက်ရှိ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးနဲ့ပဲ တွဲကစားချင်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်ပါတယ်။ တိုက်စစ်မှူး မူလာဟာ ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့က သတင်းစာ ရှင်းလင်းပွဲမှာ မက်ဆီ ဒါမှမဟုတ်ရင် ရော်နယ်ဒိုထဲက ဘယ်သူနဲ့ တွဲကစားချင်သလဲလို့ အမေးခံရလိုက်ရတဲ့ အချိန်မှာတော့ သူက သူတို့နှစ်ဦးထက်စာရင် လီဝန်ဒေါ့စကီးနဲ့ပဲ တွဲကစားချင်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Beinsports

ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးဟောင်း မူလာကတော့ လက်ရှိရာသီမှာ အရင်နှစ်တွေကထက် ဂိုးဖန်တီးမှု ပို ပြုလုပ်ခဲ့ပြီး လက်ရှိရာသီမှာ ဘိုင်ယန် မြူးနစ် အသင်းအတွက် ဂိုးဖန်တီးမှု (၁၈) ကြိမ်အထိကို မယုံနိုင်စရာ ကောင်းအောင် ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှူး မူလာက အတိတ်က နှစ်တွေမှာ မက်ဆီနဲ့ တွဲကစားချင်ပြီး လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုနဲ့ ပို တွဲကစားချင်ပေမယ့်လည်း သူတို့နှစ်ဦးထက်စာရင် လက်ရှိ ဘိုင်ယန်အသင်းမှာ တွဲကစားနေတဲ့ လီဝန်ဒေါ့စကီးနဲ့သာ တွဲကစားချင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Beinsports

သောမတ် မူလာက “အတိတ်က နှစ်တွေမှာ ကျွန်တော် မက်ဆီနဲ့ ကစားချင်တယ်။ ဘာလို့လဲ ဆိုရင် လွန်ခဲ့တဲ့ (၆) နှစ် ဒါမှမဟုတ် (၇) နှစ်မှာ ကျွန်တော်က ဘောလုံးကို လုကစားတာထက် လက်ခံကစားခဲ့တယ်။ ကျွန်တော် ပင်နယ်တီကွင်းမှာ ဘောလုံးရပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် ပုံစံကောင်းမှာ ရှိနေပြီ ဖြစ်ပြီး ဂိုးဖန်တီးမှု အများကြီးကိုလည်း ကျွန်တော် ပြုလုပ်နိုင်တယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော် ဂိုးသွင်းနိုင်ဖို့ ရော်နယ်ဒိုကိုသာ ပို လိုအပ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်အသင်းမှာ လီဝန်းဒေါ့စကီး ရှိတယ်။ လက်ရှိမှာကတော့ လီဝန်းဒေါ့စကီးက ရော်နယ်ဒိုထက် ပို ကောင်းတဲ့ ရွေးချယ်မှု ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် မက်ဆီ နဲ့ ရော်နယ်ဒိုကို ပြိုင်ဘက် အဖြစ် ကစားခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။