အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟောင်း ကတ်တီကတော့ ဘာစီလိုနာကလပ်အသင်း နဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မက်ဆီဟာ ပြိုင်ဘက်ကင်း ကစားသမား တစ်ဦး မဟုတ်တော့ဘဲ ကွင်းထဲမှာ လမ်းလျှောက်နေတာက ပို များနေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ လက အီဘာအသင်းကို (၅-ဝ) ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရ ချေမှုန်းခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ (၄) ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမဲ့လည်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၇) ပွဲမှာ (၆) ပွဲကို ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂိုးသွင်းနှုန်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ရီးရဲလ်အသင်းကို အဝေးကွင်းမှာ (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အယ်လ်ကလက်ဆီကို ပွဲစဉ်မှာ ရုန်းကန်ခဲ့ရပြီး ဘာစီလိုနာအသင်းဟာ ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရီးရဲလ်အသင်းနဲ့ ရမှတ် (၁) မှတ်အကွာ အဆင့် (၂) နေရာကို ကျသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၂၁) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၈) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁၂) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ တစ်နိုင်ငံသားချင်း ဖြစ်တဲ့ အာဂျင်တီးနား ဂိုးသမားဟောင်း ကတ်တီကတော့ မက်ဆီကို ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Sportskeeda

အာဂျင်တီးနား လက်ရွေးစင် ဂိုးသမားဟောင်း ကတ်တီက “ကျွန်တော် အာဂျင်တီးနားနိုင်ငံမှာ ဝေဖန်ခံရမလား ဆိုတာ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော်က အာဂျင်တီးနားနိုင်ငံသားပါ။ မက်ဆီက ပြိုင်ဘက်ကင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက အခု ပြိုင်ဘက်ကင်း မဟုတ်တော့ပါဘူး။ သူ့ကို မှားယွင်းစွာ ဆက်ခံပြုမှုခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ကို အကြီးကြီး မှန်းခဲ့ကြပြီး သူ့ကို မှားယွင်းစွာ ဆက်ဆံပြုမှုခဲ့ကြတာကြောင့်ပါ။ သူက ဒါတွေနဲ့ ကျင့်သားရနေပြီ။ သူက ကွင်းထဲမှာ လမ်းလျှောက်တာ ပိုများနေပါပြီ။ သူ ဒီထက် ပိုကောင်းဖို့ လိုပါတယ်။ ရော်နယ်ဒို နဲ့ သူက အကောင်းဆုံး ကစားသမား (၂) ဦးပါ။ မက်ဆီက ပို ကောင်းရပါမယ်။ သူက စည်းချက် မှန်မှန်နဲ့ ကစားရတာကို ကျင့်သားရနေပါတယ်”လို့ အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။