ဘာစီလိုနာ ဘောလုံးအားကစား ဒါရိုက်တာ အဲရစ် အဘီဒယ်ကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ သာမန် ကစားသမား မဟုတ်ဘဲ ဘာစီလိုနာအသင်းက ထွက်သွားဖို့ ခက်ခဲနေပေမဲ့ ထွက်သွားဖို့ ဖြစ်နိုင်ပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားနိုင်တယ်လို့ ပြောပါတယ်။ မက်ဆီဟာ သူ ကိုယ်တိုင်က ဘာစီလိုနာအသင်းကနေ ထွက်သွားချင်တယ်လို့ ပြောထားတာ မရှိပေမဲ့လည်း (၂၀၂၁) ခုနှစ်မှာ စာချုပ်ကုန်ရင် အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်ပါတယ်။

Photo Credit: Goal

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် ကုန်သွားတယ်ဆိုရင် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေနိုင်တဲ့ ဘယ်အသင်းကိုမဆို ပြောင်းလို့ ရပြီး ငွေကြေးတတ်နိုင်တဲ့ မန်စီးတီး၊ ဂျုဗင်တပ် နဲ့ မန်ယူအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။ ဘာစီလိုနာ အားကစား ဒါရိုက်တာ အဘီဒယ် ကတော့ မက်ဆီအနေနဲ့ အသင်းကနေ ထွက်သွားဖို့ ြစ်နိုင်တယ်လို့ ပြောခဲ့ပြီး ရော်နယ်ဒိုနဲ့ အတူ အသင်းတစ်သင်းတည်းမှာ တွဲကစားနိုင်တယ်လို့လည်း အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အဘီဒယ်က “မက်ဆီက သာမန် ကစားသမားပဲ မဟုတ်ပါဘူး။ သူက ဘာစီလိုနာအသင်းမှာ ကောင်းမွန်စွာ ကစားနေပါတယ်။ သူ ဘာစီလိုနာအသင်းမှာ (၁၃) နှစ်ကတည်းက ကစားခဲ့ပြီး သူ့ရဲ့ မိသားစုနဲ့ အတူနေပါတယ်။ သူ အသင်းကနေ ထွက်သွားဖို့ ခက်ခဲ့ပေမဲ့ အသင်းကနေ ထွက်သွားဖို့ ဖြစ်နိုင်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုက လုပ်လိုက်ရင် ကောင်းတာတွေကို လုပ်ကြတဲ့ ကစားသမားကောင်း နှစ်ယောက်ပါ။ သူတို့ တွဲကစားနိုင်ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။