ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုက်တာ အဘီဒယ်ဟာ မက်ဆီနဲ့ အဆင်မပြေဖြစ်ခဲ့ကြပြီး မက်ဆီကို စိတ်ဝင်စားလာကြတဲ့ အသင်းတွေ များလာတဲ့ အချိန်မှာ မက်ဆီကို ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားလို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် ကုန်ဆုံးဖို့ နီးကပ်လာတဲ့ အချိန်တိုင်း အမြဲတမ်း စာချုပ်သစ် ထပ်တိုးနေခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ တင်းမာမှုတွေရှိနေတာကြောင့် စာချုပ်သစ် ထပ်တိုးဖို့ ခက်ခဲနိုင်ချေရှိပါတယ်။

Photo Credit: Goal

မက်ဆီဟာ (၂၀၂၁) ခုနှစ်အထိသာ စာချုပ် ကျန်တော့တာ ဖြစ်ပြီး သူ့ရဲ့ စာချုပ် ကုန်သွားတဲ့ အချိန်မှာ တစ်သင်းသင်းက သူ့ရဲ့ စာချုပ် လျှော်ကြေးကို ပေးနိုင်တယ် ဆိုရင်တော့ သူ့ကို ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ မက်ဆီရဲ့ နည်းပြဟောင်းအသင်း ဖြစ်တဲ့ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းကလည်း မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ဘာစီလိုနာ အားကစား ဒါရိုက်တာ အဘီဒယ်က မက်ဆီကို ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

 

Photo Credit: Goal

Mundo Deportivo မှာ အဲရစ်အဘီဒယ်က “မက်ဆီရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေက မက်ဆီနဲ့ပဲ သက်ဆိုင်ပါတယ်။ သူ အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်မိပါတယ်။ မက်ဆီက ဘာကာအသင်းဟာ သူ့အတွက် အရာအားလုံးပါလို့ ပြောခဲ့ဖူးပါတယ်။ သူ ဒီအသင်းမှာ ဆက်ပြီး နေချင်ပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ အကောင်းဆုံး ကစားသမား အကြောင်းကို ပြောနေတာ ဖြစ်ပြီး အဲဒီလို ကစားသမားတွေနဲ့ စာချုပ်သစ် ချုပ်ရတာ မလွယ်ကူပါဘူး”လို့ ပြောခဲ့ပါတယ်။