မနေ့ညက ကစားသွားခဲ့တဲ့ အယ်ကလက်စီကိုဒါဘီပွဲရဲ့ရလဒ်နဲ့ပတ်သက်ပြီး ဘောလုံးဝါသနာရှင်တွေရဲ့ကြားမှာ ပြောမဆုံးတော့တဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့ရပြီး ဒီလိုရလဒ်မျိုးနဲ့ ပွဲပြီးသွားလိမ့်မယ်လို့ တွက်ဆထားသူတွေ နည်းပါးနိုင်တာကြောင့် ဒီရလဒ်က ပရိသတ်တွေအားလုံးကို Shock ရသွားစေမှာ သေချာပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့အဓိက ကစားသမားဖြစ်သူ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီမှာလည်း အရင် အယ်ကလက်စီကိုပွဲတွေကလောက် ပုံစံကောင်းမပြနိုင်ခဲ့သလို ဘာစီလိုနာအတွက်ကိုလည်း သွင်းဂိုးရယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Photo Credit : Feed Football

တစ်ပွဲလုံးအတိုင်းအတာရဆိုရင် ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုအပိုင်းရယ် ပထမပိုင်း ကစားပုံရယ်မှာ အသာရယူနိုင်ခဲ့ပြီး ဒုုတိယပိုင်းအတွင်းမှာတော့ ရီးရဲလ်နဲ့ပွဲဲ ဖြစ်သွားခဲ့ရပါတယ်။ တိုက်ဆိုင်တာတစ်ခုကတော့ ဒီပွဲမှာ သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိတဲ့ မက်ဆီဟာ သူရဲ့မဟာပြိုင်ဘက်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒို ရီးရဲလ်ကို စွန့်ခွာခဲ့ပြီး ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့သွားဒပြီးကတည်းက အယ်ကလက်စီကိုမှာ သူရဲ့သွင်းဂိုးရယူမှုကလည်း သုညအထိကို ဖြစ်သွားခဲ့ရပါတယ်။ မက်ဆီနဲ့ရော်နယ်ဒိုတို့ နှစ်ယောက်လုံးကလည်း အယ်ကလက်စီကိုသမိုင်းတလျှောက်မှာ ဂိုးအများဆုံး သွင်းယူထားသူတွေအဖြစ် ရပ်တည်ထားခဲ့သူတွေ ဖြစ်ပါတယ်။

Photo Credit : Goal.com

အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ အယ်ကလက်စီကိုပွဲအတွင်းမှာ ဂိုးအများဆုံးရထားသူအဖြစ် သွင်းဂိုး၂၆နဲ့ ရပ်တည်လို့နေပြီး သူရဲ့ပြိုင်ဘက်ဟောင်း ရော်နယ်ဒိုကတော့ သွင်းဂိုး၉ဂိုးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ခေတ်ပြိုင်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အယ်ကလက်စီကိုဒါဘီ ယှဉ်ပြိုင်မှုတွေက ဘတပြန်ကျားတစ်ပြန်နဲ့ စွဲဆောင်မှုအပြည့်ပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုက လာလီဂါကို စွန့်ခွာသွားချိန်မှာတော့ မက်ဆီမှာလည်း သူ့ကိုတန်းယှဉ်ပြီး ပြိုင်မယ့်သူတစ်ယောက် လျော့သွားတဲ့အပြင် မက်ဆီကိုယ်တိုင်ကပါ အယ်ကလက်စီကိုမှာ သွင်းဂိုးတွေ ကျဆင်းလာခဲ့ရပါတယ်။ မက်ဆီဟာ ရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်း မက်ဆီဟာ အယ်ကလက်စီကို ၆ပွဲအထိ ဖြတ်သန်းခဲ့ရပေမယ့်လည်း သွင်းဂိုး၁ဂိုးမှကို မသွင်းယူနိုင်ခဲ့တဲ့အပြင် ဒဏ်ရာကြောင့်လည်း ပွဲတချို့ကို လွဲချော်ခဲ့ပါသေးတယ်။