၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကိုကျော်ဖြတ်ပြီး ဒီနှစ်ရာသီရဲ့လာလီဂါချန်ပီယံဖြစ်ခဲ့သလို ဘာစီလိုနာအသင်းကလည်း ဒီရာသီမှာ အဝေးကွင်းရလဒ်တွေ ဆိုးရွှားခဲ့သလို နည်းပြအပြောင်းအလဲတွေအောက်မှာလည်း အသင်းက မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက ဘယ်လိုပဲဖြစ်နေပါစေ ဘာစီလိုနာရဲ့အသင်းခေါင်းဆောင် တိုက်စစ်မှူးမက်ဆီကတော့ သူရဲ့ဘောလုံးစွမ်းရည်တွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး ဒီရာသီလုံးအတွင်းမှာလည်း သူရိုက်ချိုးခဲ့တဲ့ ပိုင်ဆိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတွေကလည်း (၁၁)ခုအထိတောင် ရှိခဲ့တာမို့ ဒီစံချိန်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : AS English

(၁) လာလီဂါပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးဆု (ပီချီချီဆု)ကို (၇)ကြိမ်မြောက်အဖြစ် စံချိန်တင်ပိုင်ဆိုင်နိုင်မှု

(၂) လာလီဂါပြိုင်ပွဲရဲ့ သမိုင်းတလျှောက် ဘောလုံးရာသီတစ်ခုအတွင်း အကြိမ်အများဆုံး ဂိုးဖန်တီးနိုင်မှု

(၃) လာလီဂါပြိုင်ပွဲရဲ့ဘောလုံးရာသီတစ်ခုအတွင်း သွင်းဂိုး(၂၀)နဲ့ ဂိုးဖန်တီးမှု(၂၀)အထက်ထိ ပထမဆုံးအကြိမ်အဖြစ် စွမ်းဆောင်နိုင်မှု

(၄) လာလီဂါရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို တစ်ရာသီအတွင်း (၇)ကြိမ်ထိ ပိုင်ဆိုင်နိုင်မှု

Photo Credit : Yahoo Sports

(၅) လာလီဂါပြိုင်ပွဲအတွင်း တစ်ရာသီ အနည်းဆုံးဂိုး(၂၀)ထိ သွင်းယူနိုင်မှုကို (၁၂)ရာသီဆက်တိုက်ထိ ပြုလုပ်ထားနိုင်မှု

(၆) ဘောလုံးသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုးပါဝင်ပတ်သက်မှု တစ်ထောင်လောက်အထိ ရှိလာခဲ့မှု

(၇) စပိန်ဘောလုံးနယ်ပယ်အတွင်း နိုင်ပွဲငါးရာအထိ ရှိလာနိုင်မှု

(၈) လာလီဂါသမိုင်းတလျှောက် ဟက်ထရစ်အကြိမ်ရေအများဆုံး ရှိလာနိုင်မှု (၃၇ကြိမ်)

Photo Credit : GiveMeSport

(၉) ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်ဂလက်စီကိုဒါဘီပွဲအတွင်း အကြိမ်ရေအများဆုံးအဖြစ် ပါဝင်ကစားထားနိုင်မှု (၄၃ကြိမ်)

(၁၀) ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၁၅)နှစ်ဆက်တိုက် သွင်းဂိုးရယူနိုင်မှု

(၁၁) ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် ပြိုင်ဘက်အသင်းအရေအတွက်များစွာကို သွင်းဂိုးတွေ သွင်းယူထားနိုင်မှု (၃၄သင်း)