ဘာစီလိုနာအသင်းနဲ့အာဂျင်တီးနားအသင်းတို့ရဲ့အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလိုအဓိကကစားသမားတစ်ဦးလည်းဖြစ်တဲ့မက်ဆီဟာဘာစီလိုနာအသင်းကဂီတာဖေးအသင်းကိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီးမှာဆိုးဝါးတဲ့မှတ်တမ်းတစ်ခုကိုရရှိခဲ့တယ်လို့သိရပါတယ်။

Photo Credit: Marca.com

  မက်ဆီဟာဘာစီလိုနာကစားသမားဘဝမှာတစ်နှစ်ကိုပျမ်းမျှလာလီဂါသွင်းဂိုး၃၀ဂိုးနှင့်အထက်သွင်းယူလေ့ရှိတာပေမယ့်နောက်ဆုံးကစားခဲ့တဲ့လာလီဂါပွဲစဉ်၄ပွဲမှာတော့သွင်းဂိုးတစ်ဂိုးမှသွင်းယူနိုင်ခဲ့ခြင်းမရှိပဲဒါဟာ၂၀၁၄ခုနှစ်နောက်ပိုင်းသူ့ရဲ့လာလီဂါမှာအချိန်အကြာဆုံးဂိုးပေါက်ပျောက်ခဲ့တဲ့မှတ်တမ်းဖြစ်ကြောင်းလဲသိရှိရပါတယ်။

Photo Credit: Marca.com

     ဒါပေမယ့်မက်ဆီဟာဘာစီလိုနာအသင်းအတွက်မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်းအချက်အလက်တွေကသက်သေပြထားခဲ့ပါတယ်။မက်ဆီဟာယခုနှစ်ဘောလုံးရာသီမှာဘာစီလိုနာအသင်းအတွက်လာလီဂါမှာ၁၉ပွဲပါဝင်ကစားပေးထားပြီး၁၄ဂိုးသွင်းယူထားကာ၁၂ဂိုးအထိဖန်တီးပေးထားနိုင်သူပါ။