မန်ယူအသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်ကတော့ (၂၀၁၁) ခုနှစ်က အင်္ဂလန်နိုင်ငံ ဝင်ဘာလေကွင်းမှာ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကြောင့် မန်ယူအသင်း အရှက်ကွဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ (၂၀၁၁) ခုနှစ်က ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပက်ဒရို၊ မက်ဆီ နဲ့ ဒေးဗစ် ဗီလာရဲ့ သွင်းဂိုး (၃) ဂိုးကို ခွင့်ပြုခဲ့ပြီး ရွန်နီရဲ့ ချေပဂိုး (၁) ဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့ပေမဲ့လည်း (၁-၃) နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ဆုဖလားနဲ့ လွဲခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ (၂၀၁၁) ခုနှစ်မှာ အင်နီယေစတာ၊ ဘက်စကွက်စ်၊ ဇာဗီ နဲ့ မက်ဆီတို့ရဲ့  အတွဲအစပ်ကြောင့် ဥရောပမှာ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံရပြီး ဘာစီလိုနာအသင်း အမြင့်မားဆုံး အချိန်ကို ရောက်ရှိနေချိန် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မန်ယူ နောက်ခံ ကစားသမားဟောင်း ဖာဒီနန်က ဘာစီလိုနာအသင်းဟာ (၂၀၁၁) ခုနှစ်မှာ ဥရောပ အသင်းတွေထဲက အကောင်းဆုံး အသင်း ဖြစ်ပြီး မက်ဆီ နဲ့ သူ့ရဲ့ အသင်းဖော်တွေကြောင့် အရှက်ကွဲခဲ့ရတယ်လို့ အခိုင်အမာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

Copa90 သတင်းမှာ ဖာဒီနန်က “မက်ဆီက ဂိုးသွင်းလူသတ်သမား ဖြစ်ခဲ့ပြီး ရော်နယ်ဒင်ဟိုက မဖြစ်နိုင်စရာ လူသား၊ မှော်ပညာရှင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ မက်ဆီနဲ့ ပက်သက်လာတယ် ဆိုရင် သူက တစ်ယောက်တည်း လုပ်နိုင်တယ်။ နောက်ဆုံးကျရင် သူ ဂိုးသွင်းယူမယ် ဒါမှမဟုတ်ရင် သူ ဂိုးဖန်တီးမှု ပြုလုပ်မယ်။ ဘာကာအသင်းက ဝင်ဘာလေကွင်းမှာ ကျွန်တော်တို့အသင်းကို ကြီးမားတဲ့ သင်ခန်းစာ ပေးခဲ့တယ်။ ကျွန်တော် ဘာစီလိုနာအသင်း ဖလား ကိုင်မြောက်နေတာ မတ်တပ်ရပ်ပြီး ကြည့်ခဲ့ကြတယ်။ ဂစ် နဲ့ စခိုးလ်လည်း ဘေးနားမှာ ရပ်နေကြပြီး ကျွန်တော်က အရှက်ခွဲခံရတယ်လို့ ခံစားရတယ်လို့ ပြောခဲ့တယ်”လို့ ပြန်လည် ပြောကြားသွားလိုက်ပါတယ်။