ပြင်သစ် နေ့စဉ် သတင်းစာ L’Euipe ကတော့ သောကြာနေ့က အသင်းလစာ အများဆုံး ရရှိတဲ့ ကမ္ဘာပေါ်က ဘောလုံး ကစားသမားတွေကို ဖော်ပြခဲ့ရာမှာ မက်ဆီက ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၂) နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအသင်းကနေ တစ်လကို ယူရို (၈.၃) သန်း ရရှိနေပြီး ရော်နယ်ဒိုက ဂျုဗင်တပ်အသင်းကနေ တစ်လကို ယူရို (၄.၅) သန်း ရရှိလို့ မက်ဆီရဲ့ အသင်းလစာက ရော်နယ်ဒိုရဲ့ အသင်းလစာထက် (၂) ဆခန့် ပိုများပါတယ်။

Photo Credit: As

ဘောလုံး ကစားသမားတွေဟာ သူတို့ရဲ့ အသင်းအသီးသီးဆီကနေ လစာ ရရှိကြသလို အသင်းပြင်ပကနေလည်း ဝင်ငွေ အများကြီး ရရှိကြပြီး မက်ဆီကတော့ အသင်းကနေ ဝင်ငွေ အများဆုံး ရရှိတဲ့ ဘောလုံးကစားသမား ဖြစ်ပါတယ်။ L’Equipe က ဘောလုံးအသင်းဆီကနေ အသင်းလစာ အများဆုံး ရရှိကြတဲ့ ထိပ်ဆုံးကစားသမား (၅) ဦးမှာ ဘာစီလိုနာ မက်ဆီ၊ ဂျုဗင်တပ် ရော်နယ်ဒို၊ ပီအက်စ်ဂျီ နေမာ၊ ဘာစီလိုနာ ဂရစ်စမန်း နဲ့ ဘာစီလိုနာ ဆွာရက်စ်တို့ပါလို့ ဖော်ပြသွားပါတယ်။

Photo Credit: As

မက်ဆီဟာ တစ်လကို အသင်းလစာ ယူရို (၈.၃) သန်း၊ ရော်နယ်ဒိုက တစ်လကို အသင်းလစာ (၄.၅) သန်း၊ နေမာက တစ်လကို အသင်းလစာ ယူရို (၃) သန်းကျော်၊ ဂရစ်မန်း နဲ့ ဆွာရက်စ်က တစ်လကို အသင်းလစာ ယူရို (၂.၅) သန်း စသဖြင့် ရရှိနေကြပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာပေါ်မှာ အသင်းလစာ အများဆုံး ရရှိထားတဲ့ ကစားသမား ဖြစ်နေပေမဲ့လည်း အသင်းရဲ့ ဒါရိုက်တာ အဘီဒယ်နဲ့ အဆင်မပြေလို့ အသင်းက ထွက်သွားနိုင်ချေ ရှိနေပါတယ်။