ဘာစီလိုနာအသင္းနဲ႔ ေဘာလုံးေလာကရဲ့ သက္ရွိ ဂႏၲဝင္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရကာ ကမၻာ့အေကာင္းဆုံး ကစားသမားဆုကို ၆ႀကိမ္အထိ ရယူထားနိုင္တဲ့ လီယြန္နယ္ မက္ဆီဟာ လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ့ ကစားသမားဘဝ ေနာက္ဆုံး အခိုက္အတန႔္တစ္ခုကို ေရာက္ရွိေနသူပဲ ျဖစ္ပါတယ္။
Photo Credit: Marca.com
အသက္၃၂ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ မက္ဆီ ဟာ လက္ရွိအခ်ိန္အထိ ဘာစီလိုနာအသင္းရဲ့ အဓိကတိုက္စစ္မွူးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္သလို အေရးႀကီးတဲ့အခ်ိန္ေတြမွာ ဘာစီလိုနာအသင္း ရရွိခဲ့တဲ့ သြင္းဂိုးေတြဟာလည္း သူ႔ဆီကပဲ ျမစ္ဖ်ားခံလာေလ့ရွိပါတယ္။ ဒါေပမယ့္ မက္ဆီကေတာ့ အသက္အရြယ္ ရလာၿပီးေနာက္ သူ႔အတြက္ သြင္းဂိုးေတြက အေရးမႀကီးေတာ့ဘူးလို႔ ဆိုလာခဲ့ပါတယ္။
Photo Credit: Marca.com
မက္ဆီက ” ကၽြန္ေတာ္ အခုဆိုရင္ သြင္းဂိုးေတြ အေၾကာင္းကို စဥ္းစားမိတဲ့အခ်ိန္ နည္းသထက္ နည္းလာခဲ့ပါၿပီ။ ကၽြန္ေတာ္က အခုဆိုရင္ အဆုံးသတ္သူေနရာထက္ ဖန္တီးသူဆိုတဲ့ ေနရာတစ္ခုဆီကို တစ္ဆင့္ၿပီး တစ္ဆင့္ သြားေနသူပါ ” လို႔ ဖြင့္ဟလာခဲ့တာပါ။
Photo Credit: Marca.com
မက္ဆီဟာ သြင္းဂိုးေတြကို စိတ္မဝင္စားဘူးလို႔ ဆိုလာေပမယ့္ လတ္တေလာမွာေတာ့ သူဟာ ဘာစီလိုနာအသင္းရဲ့ ပင္တိုင္ဂိုးသြင္းရွင္ တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ေနရဆဲ ျဖစ္သလို လက္ရွိေဘာလုံးရာသီမွာလည္း ဘာစီလိုနာအတြက္ လာလီဂါပြဲစဥ္ ၁၄ပြဲကစားေပးထားရာမွာ ၁၃ဂိုးသြင္းၿပီး ၆ဂိုးဖန္တီးေပးထားခဲ့ပါတယ္။
ဘာစီလိုနာအသင်းနဲ့ ဘောလုံးလောကရဲ့ သက်ရှိ ဂန္တဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရကာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်အထိ ရယူထားနိုင်တဲ့ လီယွန်နယ် မက်ဆီဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အခိုက်အတန့်တစ်ခုကို ရောက်ရှိနေသူပဲ ဖြစ်ပါတယ်။
Photo Credit: Marca.com
အသက်၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက်ဆီ ဟာ လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို အရေးကြီးတဲ့အချိန်တွေမှာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေဟာလည်း သူ့ဆီကပဲ မြစ်ဖျားခံလာလေ့ရှိပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အသက်အရွယ် ရလာပြီးနောက် သူ့အတွက် သွင်းဂိုးတွေက အရေးမကြီးတော့ဘူးလို့ ဆိုလာခဲ့ပါတယ်။
Photo Credit: Marca.com
မက်ဆီက ” ကျွန်တော် အခုဆိုရင် သွင်းဂိုးတွေ အကြောင်းကို စဉ်းစားမိတဲ့အချိန် နည်းသထက် နည်းလာခဲ့ပါပြီ။ ကျွန်တော်က အခုဆိုရင် အဆုံးသတ်သူနေရာထက် ဖန်တီးသူဆိုတဲ့ နေရာတစ်ခုဆီကို တစ်ဆင့်ပြီး တစ်ဆင့် သွားနေသူပါ ” လို့ ဖွင့်ဟလာခဲ့တာပါ။
Photo Credit: Marca.com
မက်ဆီဟာ သွင်းဂိုးတွေကို စိတ်မဝင်စားဘူးလို့ ဆိုလာပေမယ့် လတ်တလောမှာတော့ သူဟာ ဘာစီလိုနာအသင်းရဲ့ ပင်တိုင်ဂိုးသွင်းရှင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေရဆဲ ဖြစ်သလို လက်ရှိဘောလုံးရာသီမှာလည်း ဘာစီလိုနာအတွက် လာလီဂါပွဲစဉ် ၁၄ပွဲကစားပေးထားရာမှာ ၁၃ဂိုးသွင်းပြီး ၆ဂိုးဖန်တီးပေးထားခဲ့ပါတယ်။