






ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီအသင်းရဲ့ အဓိကတိုက်စစ်မှူး ရိုနယ်ဒိုကတော့ အစဉ်အလာပြိုင်ဘက် လီယွန်နယ်မက်ဆီထက် နှာတစ်ဖျားသာနိုင်မယ့် ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အဲ့ဒါကတော့ ရိုနယ်ဒိုဟာ မက်ဆီထက် နိုင်ငံအသင်းအတွက် ဂိုးသွင်းယူမှုအပိုင်းမှာ သိသိသာသာကို ပိုမိုများပြားနေအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ကိစ္စရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports.com

လီယွန်နယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့နှစ်ဦးဟာ မကြာခဏဆိုသလို နှိုင်းယှဉ်ခံခဲ့ရတဲ့သူတွေဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ ဂိုးသွင်းယူမှုအပိုင်းတွေ ၊ ဂိုးဖန်တီးမှုအပိုင်းတွေ ၊ ဆုဖလားရရှိမှုအပိုင်းတွေမှာ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံလေ့ရှိတဲ့သူတွေပါ။ ဒါပေမယ့် မက်ဆီအနေနဲ့ ရိုနယ်ဒိုကို လိုက်မမှီနိုင်တဲ့ ကိစ္စရပ်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ရိုနယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးတွေဖြစ်ပြီး မက်ဆီဟာ ရိုနယ်ဒိုသွင်းယူထားတဲ့ နိုင်ငံတကာသွင်းဂိုးတွေကို လိုက်မှီနိုင်ဖို့ဆိုရင် အတော်လေးကို ကြိုးစားအာထုတ်မှသာ ရရှိနိုင်တော့မှာပါ။

Photo Credit: Sky Sports.com

လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ နိုင်ငံတကာသွင်းဂိုးအနေနဲ့ အာဂျင်တီးနားအသင်းအတွက် ၆၈ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဒါဟာ နိုင်ငံတကာပွဲစဉ်တွေလို ဂိုးသွင်းယူဖို့ခက်ခဲတဲ့ နေရာမှာတော့ ထိပ်တန်းဂိုးသွင်းနှုန်းတစ်ခုအဖြစ် သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် မက်ဆီအနေနဲ့ ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ ရိုနယ်ဒိုရဲ့ ပေါ်တူဂီအသင်းအတွက် ၉၃ဂိုးအထိ သွင်းယူပေးထားတဲ့ ဂိုးသွင်းနှုန်းကို လိုက်မှီနိုင်ဖို့ အခွင့်အရေးနည်းပါးနေပါပြီ။

Photo Credit: Sky Sports.com

ယနေ့မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ လစ်သူယေးနီးယားအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ပွဲစဉ်မှာ ရိုနယ်ဒိုဟာ တစ်ဦးတည်း လေးဂိုးအထိသွင်းယူနိုင်ခဲ့ကာ စုစုပေါင်း နိုင်ငံတကာ သွင်းဂိုး၉၃ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီထက် စုစုပေါင်းနိုင်ငံတကာသွင်းဂိုး ၂၅ဂိုးအထိ အသာရနေခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်မှာ အသက်၃၂နှစ်အရွယ်အထိ ရောက်ရှိနေပြီဖြစ်သလို အာဂျင်တီးနားအသင်းအတွက် ကစားပေးတိုင်းမှာလည်း ဝေဖန်မှုတွေခံရတဲ့ အနေအထားတွေကို စိတ်ပျက်နေတာကြောင့် သူ့အနေနဲ့ နိုင်ငံတကာသွင်းဂိုး ၂၅ဂိုးဆိုတဲ့ ပမာဏကို သွင်းယူဖို့အတွက် ခက်ခဲနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။