မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ တိုက်စစ်မှူး မက်ဆီအနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြောင်းလာပြီး မန်ယူအသင်းမှာ ဖာနန်ဒက်စ် ဒါမှမဟုတ် မန်စီးတီးအသင်းမှာ ဒီဘရှိုင်းနဲ့ တွဲကစားမယ် ဆိုရင် ဘလွန်းဒီအော်ဆုကို (၇) ကြိမ်မြောက် ရရှိနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် အင်္ဂါနေ့က ဘာစီလိုနာအသင်းကနေ ထွက်သွားခွင့် ပြုပေးဖို့ တောင်းဆိုသွားခဲ့တာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကဲ့ အသင်းတွေ များစွာထဲမှာတော့ မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့လည်း ပါဝင်လျက် ရှိပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး မက်ဆီဟာ (၂၀၁၉) ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို (၆) ကြိမ်မြောက် ရရှိသွားနိုင်ခဲ့တဲ့ အတွက်ကြောင့် ဘလွန်းဒီအော်ဆု (၅) ကြိမ်မြောက် ရရှိခဲ့တဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ပြီး ဘောလုံး သမိုင်းမှာ ဘလွန်းဒီအော်ဆု အများဆုံး ရရှိထားတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်းနီကတော့ တိုက်စစ်မှူး မက်ဆီအနေနဲ့ မန်ယူအသင်းမှာ ကွင်းလယ်လူ ဖာနန်ဒက်စ် ဒါမှမဟုတ် မန်စီးတီးအသင်းမှာ ကွင်းလယ်လူ ဒီဘရှိုင်းနဲ့ တွဲကစားမယ် ဆိုရင် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရရှိနိုင်တယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

talkSPORT မှာ ရွန်းနီက “မက်ဆီ အသက်ကြီးလာတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း သူက အရင်က ဘယ်သူမှ မမြင်ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ မက်ဆီမှာ ဘာမဆို ရှိပြီး သူက ဂိုးဖန်တီးနိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ပွဲစဉ်ကို ပြောင်းလဲနိုင်တယ်။ နောက်ပြီး သူက သမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ သူက ကျွန်တော် ထိုင်ကြည့်ပြီး သြချရတဲ့ ကစားသမားတွေ များစွာထဲက တစ်ဦးပါပဲ။ သူ နဲ့ ရော်နယ်ဒိုက ကျွန်တော်တို့ နောက်ထပ် မြင်ရဖို့ မလွယ်တဲ့ စံကို သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် မက်ဆီက ခြားနားတဲ့ အဆင့်မှာ တည်ရှိပါတယ်။ သူ အမေရိကန်နိုင်ငံကို ပြောင်းဖို့ မစဉ်းစားသင့်ပါဘူး။ ဘာလို့လဲဆိုရင် သူက အလွန် ကောင်းလို့ပါ။ သူ ပရီးမီးယားလိဂ်ကို ပြောင်းလာသင့်ပြီး တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ပါတယ်။ သူကသာ မန်ယူ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဒါမှမဟုတ် မန်စီးတီးကွင်းလယ်လူ ဒီဘရှိုင်းနဲ့ တွဲကစားမယ် ဆိုရင် ဘလွန်းဒီအော်ဆုကို (၆) ကြိမ်မြောက် ရရှိနိုင်ပါတယ်”လို့ ပြောသွားပါတယ်။