ပြင်သစ်တိုက်စစ်ကစားသမားဟောင်းကြီး တစ်ဦးဖြစ်တဲ့ နီကိုလပ်စ်အနယ်လ်ကာက ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT တွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့ နှစ်ယောက်စလုံးဟာ အခု သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေဆီကို မပြောင်းရွှေ့ခဲ့သင့်ပဲ ပိုမို လွယ်ကူတဲ့ စိန်ခေါ်မှုတွေကို ရွေးချယ်ခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : USA News

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်က ခါတိုင်းထက်ကို ပိုမိုတမူထုူးခြားခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ ကာလအတန်ကြာ လက်တွဲခဲ့တဲ့ မက်ဆီက ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာခဲ့သလို ရော်နယ်လ်ဒိုကလည်း သူ့ကို စင်တင်ပေးခဲ့တဲ့ အသင်းဟောင်း ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နေရာသစ်ကို ရောက်လာတဲ့ GOAT နဲ့ နေရာဟောင်းဆီ အချိန်အတော်ကြာမှ ပြန်ရောက်လာတဲ့ GOAT တို့ဟာ သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေနဲ့ ကလပ်အသင်းတွေကို ထမ်းပိုးေပေးနေကြပေမယ့်လည်း နှစ်ဦးလုံး မတူညီတဲ့ ခက်ခဲရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံး ရှုံးထွက်အဆင့်မှာတင်ပဲ လှည့်ပြန်ထားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး အနယ်လ်ကာက “ဒါမျိုးတွေက အချိန်တွေအကြာကြီး ကစားချင်နေကြတဲ့ သူတွေဆီမှာ ဖြစ်ေပေါ်တတ်သလိုမျိုးပါပဲ။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကလ့ည်း အဆုံးသတ်သွားပြီ။ လွန်ခဲ့တဲ့ (၁၅)နှစ်တာကာလအတွင်းမှာ သူတို့ရယူထားနိုင်ခဲ့တာတွေနဲ့ အရမ်းကို ပျော်ရွှင်ကျေနပ်နေသင့်တယ်လို့ ကျွန်တော် ထင်မိတယ်။ သူတို့နှစ်ယောက်စလုံး တခြားကစားသမားတွေရဲ့အထက်မှာပဲ ရှိနေခဲ့သလို အခု သူတို့ တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့တာကလည်း သာမာန်ပါပဲ။ သူတို့နှစ်ယောက်လုံးနဲ့ ပတ်သက်ပြီး ကျွန်တော်ပိုတောင် အံ့သြမိသေးတယ်။ မက်ဆီက ပြင်သစ်မှာ တဆစ်ချိုး ပြောင်းလဲနိုင်ခဲ့တယ်လို့ ထင်ရပေမယ့် ရော်နယ်လ်ဒိုက အင်္ဂလန်မှာ ပိုမိုခက်ခဲနေတယ်။ ဒါကလည်း ကျွန်တော်အထင်တော့ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ တောင်းဆိုမှု အများဆုံး ပြိုင်ပွဲတစ်ခု ဖြစ်နေတာကြောင့်လို့ ထင်ပါတယ်။ သူတို့က အတွေးအခေါ်ပိုင်း အားနည်းတယ်လို့ ထင်ပါတယ်။ သူတို့တွေအနေနဲ့ ရှုပ်ထွေးမှုနည်းတဲ့ စိန်ခေါ်မှုတွေကိုသာ ရင်ဆိုင်လိုက်ဖို့ တွေးသင့်တာပါ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ထိပ်ဆုံးအဆင့်မှာ အဆုံးသတ်နိုင်ဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာပါ။ တချို့ကစားသမားတွေက ဝေဖန်ဒဏ်တွေ မခံရတော့အောင် (၃၂) (၃၃) (၃၄) လောက်မှာပဲ အဆုံးသတ်ဖို့ မတွန့်ဆုတ်ခဲ့ကြပါဘူး။ ကျွန်တော်က (၃၆)နှစ်မှာ အနားယူတယ်။ ဒါပေမယ့် (၃၂)နှစ်မှာပဲ တရုတ်ကို ရောက်သွားခဲ့တယ်” လို့ သူ့ ဖြတ်သန်းမှုတွေနဲ့ နှိုင်းယှဉ်ပြောဆိုသွားခဲ့ပါတယ်။