ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္တုန္းက ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာေတာ့မယ္လုိ႔ သတင္းေတြ အေတာ္ေလးကုိ ထြက္ေပၚျဖစ္ခဲ႔တဲ႔ ဘရာဇီးလက္ေရြးစင္တုိက္စစ္ကစားသမားေနမာကုိ ေခၚယူႏုိင္ဖုိ႔အတြက္ ေနမာရဲ႕အသင္းေဟာင္းျဖစ္တဲ႔ ဘာစီလုိနာအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတုိ႔က အၿပိဳင္ႀကိဳးပမ္းခဲ႔ၾကၿပီး ဘယ္အသင္းကမွ ပီအက္စ္ဂ်ီဘက္ကေန အလုိရွိေနတဲ့ ပမာဏမ်ိဳးနဲ႔ မကမ္းလွမ္းႏုိင္ခဲ႔တာေၾကာင့္ အေျပာင္းအေရႊ႔က ျဖစ္ေပၚလာခဲ႔ျခင္းမရွိပဲ ေနမာမွာလည္း ပီအက္စ္ဂ်ီအသင္းမွာပဲ ဆက္လက္က်န္ရစ္ေနခဲ႔ရပါတယ္။

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ သတင္းထြက္လာခဲ႔ခ်ိန္မွာ ေနမာကုိ ေခၚယူဖုိ႔အတြက္ စိတ္ဝင္အစားဆုံး ျဖစ္လာခဲ႔တာက ဘာစီလိုနာအသင္းပဲျဖစ္ပါတယ္။ ဘာစီလိုနာအသင္းကေန ေနမာကုိ ျပန္လည္ေခၚယူဖုိ႔အတြက္ စိတ္ဝင္စားလာခဲ႔ၿပီးေနာက္မွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းကပါ ေနမာကုိ ေခၚယူဖုိ႔ ထပ္မံစိတ္ဝင္စားလာခဲ႔တာျဖစ္ၿပီး ႏွစ္သင္းလုံးၾကားမွာ အၿပိဳင္အဆုိင္ေတြ ျဖစ္လာခဲ႔ရပါတယ္။ ဒါေပမယ့္လည္း ဒီအသင္းႏွစ္သင္းလုံးရဲ႕ ကမ္းလွမ္းခ်က္ေတြကုိ ပီအက္စ္ဂ်ီအသင္းဘက္ေန စိတ္တုိင္းက်ျခင္းမရွိတာေၾကာင့္ ေနမာကုိ ဘယ္အသင္းဆီကုိမွ ေျပာင္းေရႊ႔ခြင့္မေပးခဲ့ပဲ အသင္းမွာပဲ ဆက္လက္ထားရွိထားခဲ႔ရတာပဲျဖစ္ပါတယ္။

ေနမာရဲ႕ အေျပာင္းအေရႊ႔ကိစၥရပ္နဲ႔ပတ္သက္ၿပီးေတာ့ကုိလည္း ေနမာရဲ႕ အသင္းေဖာ္ေဟာင္းျဖစ္ခဲ့ဖူးတဲ႔ ဘာစီလုိနာတုိက္စစ္ကစားသမား လီယြန္နယ္မက္ဆီက “ကြ်န္ေတာ္အဲ႔ဒီအခ်ိန္တုန္းက ရုိးရုိးေလးပဲ ေတြးလုိက္မိတယ္။ အထူးသျဖင့္ ေစ်းကြက္ဖြင့္ခ်ိန္မွာေပါ့။ တကယ္လုိ႔ သူကုိသာ ကြ်န္ေတာ္တုိ႔ေတြ မေခၚယူႏုိင္ခဲ႔ဘူးဆုိရင္ေတာ့ သူက ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေျပာင္းေရႊ႔သြားႏုိ္င္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက အသင္းကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္ခ်က္ခ်ထားလုိ႔ပါပဲ။ သူက သူကုိယ္တုိင္ အေျပာင္းအလဲေတြကုိ ျပဳလုပ္သြားဖုိ႔အတြက္ ပဲရစ္ကေန ထြက္ခြာသြားခ်င္ေနတာ”

“ဒါေၾကာင့္ ကြ်န္ေတာ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းက ေနမာကုိ ေခၚယူႏုိင္ဖုိ႔အတြက္ တစ္ခုခုလုပ္ေဆာင္လာေတာ့မယ္လုိ႔ ထင္လာခဲ႔ရတာပါ” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ မက္ဆီဟာ လက္ရွိ ဘာစီလုိနာအသင္းရဲ႕ တုိက္စစ္ပုိင္းမွာ ဆြာရက္ဇ္နဲ႔ အေကာင္းဆုံးတြဲဖက္ကစားႏုိင္ေပမယ့္လည္း ဒီႏွစ္ေဘာလုံးရာသီကမွ အသက္လက္တီကုိမက္ဒရစ္အသင္းဆီကေန ေခၚယူထားခဲ႔တဲ႔ အန္တုိနီယုိဂရစ္ဇ္မန္းနဲ႔ေတာ့ တြဲဖက္ကစားရမွာ လုိအပ္ခ်က္ေတြရွိေနၿပီး မက္ဆီကုိယ္တုိင္က လာမယ့္ေႏြေစ်းကြက္မွာ ေနမာကုိ အသင္းဆီ ျပန္လည္ေခၚေဆာင္ေပးဖုိ႔ တုိက္တြန္းေျပာဆုိထားတယ္လုိ႔ သိရွိရပါတယ္ခင္ဗ်ာ။

(Unicode)

နေမာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားမှာကို စိုးရိမ်နေမိခဲ့တယ်ဆိုတဲ့ မက်ဆီ

ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ဖြစ်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင်တိုက်စစ်ကစားသမားနေမာကို ခေါ်ယူနိုင်ဖို့အတွက် နေမာရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က အပြိုင်ကြိုးပမ်းခဲ့ကြပြီး ဘယ်အသင်းကမှ ပီအက်စ်ဂျီဘက်ကနေ အလိုရှိနေတဲ့ ပမာဏမျိုးနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့က ဖြစ်ပေါ်လာခဲ့ခြင်းမရှိပဲ နေမာမှာလည်း ပီအက်စ်ဂျီအသင်းမှာပဲ ဆက်လက်ကျန်ရစ်နေခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းထွက်လာခဲ့ချိန်မှာ နေမာကို ခေါ်ယူဖို့အတွက် စိတ်ဝင်အစားဆုံး ဖြစ်လာခဲ့တာက ဘာစီလိုနာအသင်းပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကနေ နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီးနောက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကပါ နေမာကို ခေါ်ယူဖို့ ထပ်မံစိတ်ဝင်စားလာခဲ့တာဖြစ်ပြီး နှစ်သင်းလုံးကြားမှာ အပြိုင်အဆိုင်တွေ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအသင်းနှစ်သင်းလုံးရဲ့ ကမ်းလှမ်းချက်တွေကို ပီအက်စ်ဂျီအသင်းဘက်နေ စိတ်တိုင်းကျခြင်းမရှိတာကြောင့် နေမာကို ဘယ်အသင်းဆီကိုမှ ပြောင်းရွှေ့ခွင့်မပေးခဲ့ပဲ အသင်းမှာပဲ ဆက်လက်ထားရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

နေမာရဲ့ အပြောင်းအရွှေ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ကိုလည်း နေမာရဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက “ကျွန်တော်အဲ့ဒီအချိန်တုန်းက ရိုးရိုးလေးပဲ တွေးလိုက်မိတယ်။ အထူးသဖြင့် စျေးကွက်ဖွင့်ချိန်မှာပေါ့။ တကယ်လို့ သူကိုသာ ကျွန်တော်တို့တွေ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ သူက ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားနို်င်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချထားလို့ပါပဲ။ သူက သူကိုယ်တိုင် အပြောင်းအလဲတွေကို ပြုလုပ်သွားဖို့အတွက် ပဲရစ်ကနေ ထွက်ခွာသွားချင်နေတာ”

“ဒါကြောင့် ကျွန်တော်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နေမာကို ခေါ်ယူနိုင်ဖို့အတွက် တစ်ခုခုလုပ်ဆောင်လာတော့မယ်လို့ ထင်လာခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ်နဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီကမှ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကနေ ခေါ်ယူထားခဲ့တဲ့ အန်တိုနီယိုဂရစ်ဇ်မန်းနဲ့တော့ တွဲဖက်ကစားရမှာ လိုအပ်ချက်တွေရှိနေပြီး မက်ဆီကိုယ်တိုင်က လာမယ့်နွေစျေးကွက်မှာ နေမာကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ပေးဖို့ တိုက်တွန်းပြောဆိုထားတယ်လို့ သိရှိရပါတယ်ခင်ဗျာ။