
Photo Credit: Marca.com


Photo Credit: Marca.com


ဘာစီလိုနာအသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ လီဟာနက် အသင်းနဲ့ စပိန်ဘုရင့်ဖလားပွဲစဉ်မှာ ခြေစွမ်းပြ ကစားကာ အသင်းအတွက် နိုင်ပွဲတစ်ပွဲကို ရယူပေးခဲ့အပြီးမှာတော့ ထူးခြားတဲ့ စံချိန်တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

အဲ့ဒါကတော့ မက်ဆီဟာ စပိန်ဘောလုံးရဲ့ သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံးအဖြစ် နိုင်ပွဲ ၅၀၀ ပြည့်ခဲ့တဲ့ ကစားသမားဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ မက်ဆီဟာ လီဟာနက်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘာစီလိုနာနဲ့အတူ နိုင်ပွဲ ၅၀၀ပြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

အဆိုပါပွဲစဉ်မှာတော့ မက်ဆီဟာ ထူးရှယ် ခြေစွမ်းကောင်းတွေကို ပြသခဲ့တာဖြစ်ပြီး သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဂိုးဖန်တီးမှု တစ်ကြိမ်ကို ပြုလုပ် သွားခဲ့ပါတယ်။ မက်ဆီဟာ ပွဲချိန် ၅၉မိနစ်နဲ့ ၈၉မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ တခြားအနိုင်ဂိုးတွေကိုတော့ ဂရစ်ဇ်မန်း ၊ လက်ဂ်လက်စ်နဲ့ အာသာတို့က သွင်းယူပေးခဲ့ကြတာပါ။