ဘာစီလိုနာအသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းက အခု ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ သူရဲ့ ကလပ်အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဆီကို ပြန်လည် ပြောင်းရွေ့လာဖို့နဲ့ နည်းပြအဲရစ်တန်ဟက်ဂ်နဲ့ ပူးပေါင်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Mirror

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်လိုက်ပြီးနောက်မှာ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦး ပြန်လည် ဖြည့်တင်းသွားရဖို့ လိုအပ်နေပြီး တိုက်စစ်ကစားသမား တော်တော်များများနဲ့လည်း သတင်းထွက်လာခဲ့ရပါတယ်။ ဒီလို သတင်းထွက်နေရတဲ့ ကစားသမားတွေထဲမှာ အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဒီပိုင်းပါ ပါဝင်လာခဲ့ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ အနည်းငယ်သာ ရရှိထားပြီး လာမယ့်နွေမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ ဒီလို ​​အခြေအနေမျိုး ရှိနေတဲ့ ဒီပိုင်းကိုလည်း ယူနိုက်တက်အသင်းက အသင်းဆီ ပြန်လည် ခေါ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် တိုက်စစ်ကစားသမားတွေ များစွာကို ပစ်မှတ်ထားနေပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အငှားခေါ်ယူမှုနဲ့သာ ကမ်းလှမ်းရနိုင်မယ့် အခြေအနေမျိုး ဖြစ်နေရပါတယ်။ လတ်တလောမှာလည်း ယူနိုက်တက်အသင်းက အသက်လက်တီကိုမက်ဒရစ် တိုက်စစ်ကစားသမား ဂျာအိုဖေးလစ် ကစားသမားဟောင်း မန်ဖစ်ဒီပိုင်းနဲ့ အယ်လ်နာဆာအသင်းရဲ့ ကင်မရွန်း တိုက်စစ်မှူး အဘူဘာကာတို့ထဲက တစ်ဦးဦးကို အငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်လို့နေရာ ဒီထဲကမှ နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းကတော့ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒအရှိဆုံး ကစားသမား ဖြစ်နေရပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ တစ်ရာသီနဲ့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီရဲ့ ရာသီအစပိုင်းတွေကို ဖြတ်သန်းခဲ့ဖူးပြီး ပွဲပေါင်း (၅၃)ပွဲကစား (၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လိုင်ယွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တော့ပြီး (၅)နှစ်အကြာမှာပဲ ဘာစီလိုနာအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။