မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းမတိုးတော့ပဲ လက်တွဲဖြုတ်တော့မှာဖြစ်သလို လက်ရှိမှာလည်း သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းနဲ့ ပြန်လည်လက်တွဲဖို့ ဆောင်ရွှက်လျက်ရှိနေတဲ့အပြင် ဆွေးနွေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။

Paul Pogba: Man Utd midfielder to decide transfer future after season end  as he prepares for Old Trafford exit | Transfer Centre News | Sky Sports

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၆)ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းနဲ့ ထပ်မံလက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လာခဲ့သလို ပေါ့ဘာကလည်း သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပေါ့ဘာရဲ့အေးဂျင့်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ကြားမှာ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်လို့နေပြီး ဆွေးနွေးမှုတွေက အခြေအနေကောင်းလျက် ရှိနေတယ်လို့ သိရပါတယ်။

Juventus to hold talks over re-signing Pogba and hope to persuade Man Utd  midfielder to lower salary demands | Goal.com

Photo Credit : Goal

လတ်တလောမှာ ပေါ့ဘာကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းထဲမှာ ဂျုဗင်တပ်စ် မန်ချက်စတာစီးတီး ပီအက်စ်ဂျီတို့ ပါဝင်နေပြီး ပေါ့ဘာကိုယ်တိုင်ကတော့ သူရဲ့လက်ရှိကလပ် ယူနိုက်တက်ရဲ့ မြို့ခံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိတာကြောင့် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်ခြင်းမရှိပဲ ဂျုဗင်တပ်စ်အသင်းနဲ့သာ တွေ့ဆုံနေသလို ပီအက်စ်ဂျီကလည်း ပေါ့ဘာကို ဂျုဗီနဲ့ မတူညီတဲ့ ပုံစံမျိုးနဲ့ ဆက်သွယ်လို့နေပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိအချိန်မှာ ပေါ့ဘာကို ခေါ်ယူနိုင်ခြေ အရှိဆုံး အသင်းဖြစ်နေပေမယ့်လည်း ပေါ့ဘာရဲ့ လစာပမာဏက ဂျုဗင်တပ်စ်အတွက် အကြီးမားဆုံး ပြသာနာ ဖြစ်လာနိုင်လို့ လစာကိစ္စပိုင်းမှာ အကြိတ်အနယ် ဆွေးနွေးရဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း ပေါ့ဘာကို သူတို့ရဲ့ အဝယ်စာရင်းထဲမှာ ထည့်သွင်းထားပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း ပေါ့ဘာရဲ့ အေးဂျင့်ကို တိုက်ရိုက်ဆက်သွယ်ထားကာ ဂျုဗီနဲ့ ပေါ့ဘာတို့ရဲ့ အပြောင်းအရွှေ့သာ ပျက်ပြယ်သွားမယ်ဆိုရင် ပီအက်စ်ဂျီဘက်က ပေါ့ဘာကို အရခေါ်ယူနိုင်ဖို့ အပီအပြင် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။