MySport Myanmar

ဂိုးသွင်းအားကောင်းတဲ့ ခံစစ်ကစားသမား မိုလင်နာကို အာဆင်နယ်အသင်း အလိုရှိနေ

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်တုန်းက အသင်းရဲ့ စပိန်နောက်ခံကစားသမား ပါဘလိုမာရီကို စီးရီးအေကလပ် အူဒီးနီးစ်အသင်းဆီ အငှားချခဲ့ပြီး မကြာခင်မှာပဲ မာရီရဲ့အငှားစာချုပ်က သက်တမ်းပြည့်တော့မှာမို့ မာရီအနေနဲ့ အာဆင်နယ်အသင်းဆီ ပြန်သွားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဘက်က အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနား နောက်ခံအစွန်လူ မိုလင်နာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အတွက် မိုလင်နာကို ကမ်းလှမ်းဖို့အတွက် မာရီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းလာနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Photo Credit : Just Arsenal

အသက်(၂၄)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် ညာနောက်ခံကစားသမား မိုလင်နာဟာ ၂၀၂ဝခုနှစ်ကတည်းက ဘိုကာဂျူနီယာ အရန်အသင်းကနေ အူဒီးနီးစ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အူဒီးနီးစ်အတွက် ဘောလုံးရာသီ (၂)ရာသီအထိ ဖြတ်သန်းထားခဲ့တဲ့ မိုလင်နာဟာ အဲ့ဒီ(၂)ရာသီအတွင်းမှာ အသင်းအတွက် ပွဲပေါင်း(၆၇)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၁၀)ဂိုးအထိပါ ထူးထူးခြားခြား သွင်းယူထားနိုင်ခဲ့ပါတယ်။ ခံစစ်ကစားသမားတစ်ဦးအတွက် (၂)ရာသီအတွင်း သွင်းဂိုး(၁၀)ဂိုး သွင်းယူနိုင်တာက တကယ့်ကို ထူးခြားတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ဒီလို တိုက်စစ်ရော ခံစစ်ပိုင်းမှာပါ ထူးချွန်သူဖြစ်တဲ့ မိုလင်နာကို အာဆင်နယ် ဂျုဗင်တပ်စ်နဲ့ အသက်လက်တီကိုအသင်းတွေက မျက်စိကျလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အာဂျင်တီးနားလက်ရွေးစင်အတွက်ပါ ပွဲပေါင်း(၁၅)ပွဲလောက်အထိ ပါဝင်ယှဉ်ပြိုင်ထားခဲ့ရတဲ့ မိုလင်နာဟာ ဘောလုံးနယ်ပယ်ထဲကို စတင်ဝင်ရောက်ချိန်တုန်းက တိုက်စစ်ကစားသမား တောင်ပံကစားသမားအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ပြီး သူရဲ့လက်ရွေးစင်အသင်းဖော် GOAT ကြီး လီယွန်နယ်မက်ဆီကို အလွန်ရူးသွပ်သူဖြစ်တဲ့အတွက် right-back နေရာမှာ ကစားနေတုန်း အခုလို သွင်းဂိုးတွေကိုပါ သွင်းယူနေနိုင်တာ ဖြစ်ပါတယ်။ (၂)ရာသီအတွင်းမှာ သွင်းဂိုး(၁၀)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု (၉)ကြိမ်ထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ မိုလင်နာကို လက်ရှိမှာ အာဆင်နယ်အသင်းက အရခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး အသင်းရဲ့ ညာခြမ်းမှာ တိုမီယာစု စီဒရစ်တို့အပြင် ဘက်တစ်ကနေ အငှားနဲ့ ပြန်ရောက်လာတော့မယ့် ဘယ်လာရင်တို့လည်း ရှိနေပေမယ့် အာဆင်နယ်က စီဒရစ်နဲ့ ဘယ်လာရင်ကို အသင်းကနေ ပြန်လည်ရောင်းထုတ်ဖွယ် ရှိနေပြီး မိုလင်နာကိုသာ အရခေါ်ယူဖွယ် ရှိနေပါတယ်။ မိုလင်နာကို ခေါ်ယူရာမှာတော့ အူဒီးနီးစ်ဆီ အငှားချထားတဲ့ နောက်ခံလူမာရီကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့လည်း စီစဉ်နေပါတယ်။

Exit mobile version