လာဇီယို တိုက်စစ်မှူး အင်မိုဘိုင်းကတော့ လက်ရှိ လီဗာပူးလ် နည်းပြ ကလော့ပ်နဲ့ ဒေါ့မွန်မှာ အချိန်မှားပြီး တွေ့ဆုံခဲ့ကြောင်း နဲ့ ဂျာမနီစူပါဖလား အတူ ရရှိခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။ လက်ရှိ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ ဒေါ့မွန်အသင်းကို (၂၀၀၈) ခုနှစ်က (၂၀၁၅) ခုနှစ်အထိ နည်းပြခဲ့ဖူးပြီး လက်ရှိ လာဇီယို တိုက်စစ်မှူး အင်မိုဘိုင်းကို နည်းပြခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး အင်မိုဘိုင်းက နည်းပြ ကလော့ပ်အနေနဲ့ လာဇီယို အသင်းကို စီးရီးအေ ဆုဖလား ရရှိစေချင်တယ်လို့ ပြောခဲ့တာကို ကြားရတဲ့ အချိန်မှာ စိတ်ကျေနပ်မိတယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

နည်းပြ ကလော့ပ်က “ကျွန်တော် လာဇီယိုအသင်းကို စီးရီးအေ ဖလား ရရှိနိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်။ အမ်မိုဘိုင်းဟာ ဒေါ့မွန်အသင်းမှာ ကျွန်တော့်ရဲ့ ကစားသမားဟောင်းဖြစ်ခဲ့ဖူးပါတယ်။ နည်းပြ ဆာရီ နဲ့ နည်းပြ ကွန်တီကို ကျွန်တော် တောင်းပန်ပါတယ်။ ဘာလို့လဲဆိုရင် လာဇီယိုအသင်းက အံ့ဖွယ်အသင်း ဖြစ်လာလို့ပါ”လို့ အရင်က ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ လာဇီယို တိုက်စစ်မှူး အမ်မိုဘိုင်းဟာ နည်းပြ ကလော့ပ် ပြောခဲ့တာကို စိတ်ကျေနပ်ပါတယ်လို့ ပြောခဲ့ပြီး နည်းပြ ကလော့ပ်နဲ့ အချိန်မှားပြီး တွေ့ဆုံခဲ့ကြတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အမ်မိုဘိုင်းက “ကျွန်တော် နည်းပြ ကလော့ပ်ရဲ့ ကြင်နာတဲ့ ကစားကို ကြားရတော့ ကျွန်တော် စိတ်ကျေနပ်မိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက် ဒေါ့မွန်အသင်းမှာ အချိန်မှားပြီး တွေ့ဆုံခဲ့ကြပါတယ်။ ကလော့ပ်အနေနဲ့ အမ်မိုဘိုင်း အစစ်နဲ့ အလုပ်လုပ်ခဲ့ဖူးတာဖြစ်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဂျာမနီ စူပါဖလားကို အတူတူ ရရှိခဲ့ကြပါတယ်။ ကျွန်တော် လာဇီယိုအသင်းအကြောင်း လူတွေ ပြောနေတာကို ကျွန်တော် ဂုဏ်ယူပါတယ်။ ကြိုးစားမှုက အချည်းအနှီး မဖြစ်တာကို ပြနေတာပါ”လို့ ပြောသွားခဲ့ပါတယ်။ လာဇီယိုအသင်းဟာ လက်ရှိရာသီမှာ စီးရီးအေ ပွဲစဉ် (၂၄) ပွဲ ကစားပြီးတဲ့ အချိန်မှာ အဆင့် (၁) နေရာက ဂျုဗင်တပ်အသင်းနဲ့ ရမှတ် (၁) မှတ်ပဲ ကွာပြီး ဖိအားပေးနေလျက် ရှိနေပါတယ်။