MySport Myanmar

ပါလင်ညာကို မရရင် တွမ်မီနေးကို ပြောင်းလဲ ပစ်မှတ်ထားမယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းက ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဂျာအို ပါလင်ညာကို လာမယ့် ဆောင်းစျေးကွက်ထဲမှာ ခေါ်ယူသွားဖို့ လုပ်ဆောင်ထားပေမယ့် တကယ်လို့ ပါလင်ညာကို မခေါ်ယူနိုင်ခဲ့ရင် မန်ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးကိုသာ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

ဘိုင်ယန်က ပြီးခဲ့တဲ့ နွေစျေးကွက်ထဲမှာ ကွင်းလယ် နံပါတ်(၆)နေရာအတွက် ကစားသမားသစ်တစ်ဦး ဖြည့်တင်းသွားချင်ခဲ့ပြီး ဒီနေရာအတွက်ကိုလည်း ပါလင်ညာ ရောက်လာဖို့ အနီးစပ်ဆုံး အခြေအနေအထိ ဖြစ်ပြီးခဲ့မှ စာရွက်စာတမ်း ပေးပို့မှု နောက်ကျခဲ့ရာကနေ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

Photo Credit : Football365

ဒီလို ဘိုင်ယန်နဲ့ Deadline Day နေ့မှ အပြောင်းအရွှေ့ ပျက်သွားခဲ့တဲ့ ပါလင်ညာဟာ လက်ရှိမှာ သူရဲ့ကလပ် ဖူလ်ဟမ်အသင်းနဲ့ပါ ကာလရှည် စာချုပ်သစ်တစ်ရပ်ကို တိုးမြှင့် ချုပ်ဆိုလိုက်တာကြောင့် ဘိုင်ယန်အနေနဲ့ ပါလင်ညာကို ဆောင်းစျေးကွက်ထဲမှာ ထပ်မံ ကြိုးပမ်းသွားဦးမယ်ဆိုရင်တောင် ခက်ခက်ခဲခဲ လုပ်ဆောင်လာရနိုင်ပါတယ်။

တကယ်လို့ ပါလင်ညာကိုသာ မခေါ်နိုင်တော့ရင် ဘိုင်ယန်အနေနဲ့ နောက်ထပ် ကွင်းလယ်ကစားသမားအဖြစ် ယူနိုက်တက်ရဲ့ စကော့တလန် ကွင်းလယ်လူ တွမ်မီနေးကို ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ပါတယ်။ ဘိုင်ယန်က နွေစျေးကွက်ရဲ့ နောက်ဆုံးနေ့မတိုင်ခင်ကလည်း ကွင်းလယ် ပစ်မှတ်တွေထဲမှာ တွမ်မီနေးကိုပါ ထည့်သွင်းထားခဲ့ပါသေးတယ်။

Photo Credit : Tribuna

ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာ တစ်နေရာရဖို့ ရုန်းကန်နေရတဲ့ တွမ်မီနေးကို ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ကလပ်အသင်းများစွာ ဆက်သွယ်ခဲ့သေးပေမယ့်လည်း တွမ်မီနေးကိုယ်တိုင်က ယူနိုက်တက်မှာပဲ ဆက်နေသွားဖို့ ဆုံးဖြတ်ခဲ့သလို အသင်းကလည်း တွမ်မီနေးအတွ က် သတ်မှတ်ထားတဲ့ တန်ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှုတွေ မရှိတာကြောင့် အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ၊ ကက်စီမီရို ၊ အမ်မရာဘတ် ၊ အဲရစ်ဆင် ၊ မေဆန်​​​​မောင့် ၊ ဗန်ဒီဘိခ်တို့အပြင် လူငယ် ကစားသမားတွေဖြစ်တဲ့ မိုင်နူး နဲ့ ဟာနီဘယ်လ်တို့လည်း ရှိနေတာဖြစ်လို့ တွမ်မီနေးအနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမယ်ဆို သူ့အတွက် ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့သာ ဖြစ်လာနိုင်လို့ အနာဂတ်အတွက် စဥ်းစားရဖွယ် ရှိနေပါတယ်။

Exit mobile version