မန်ယူ နည်းပြ ဆိုးလ်ရှားက ကွင်းလယ်လူ တွန်မီနေးဟာ ထင်ထားတာထက် ပိုမို သက်သာလာပြီ ဖြစ်တာကြောင့် စပိန်နိုင်ငံကို သွားမယ့် ခရီးစဉ်မှာ လိုက်ပါလာပြီး လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ကွင်းလယ်လူ တွန်မီနေးဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲထွက် မကစားခဲ့ရတော့တာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) ပွဲ ကစားထားရာမှာ သွင်းဂိုး (၃) ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၂၃) နှစ်အရွယ် ကွင်းလယ်လူ တွန်မီနေးဟာ နယူးကာဆယ်အသင်းကို (၄-၁) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံး ပွဲစဉ် ကစားခဲ့ရပြီး လက်တလောမှာတော့ ဒူးဒဏ်ရာကနေ ပိုပြီး သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားက တွန်မီနေးဟာ စပိန်နိုင်ငံကို သွားရောက် လ့ကျင့်ရေး ဆင်းမယ့် ခရီးစဉ်မှာ လိုက်ပါလာမှာ ဖြစ်တယ်လို့ ပြောသွားပြီး အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “တွန်မီနေးက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး သက်သာလာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို ကျွန်တေ်ာတို့နဲ့ အတူ ခေါ်သွားမှာပါ။ လေ့ကျင့်ရေး ဆင်းကြတဲ့ အချိန်မှာ သူ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ တွန်ဇီဘီလည်းပဲ ပါဝင်လာနိုင်မှာပါ။ ဒါဟာ ကောင်းတဲ့ အချက် (၂) ခုပါ။ သူတို့ (၂) ဦးအနေနဲ့ ဒီအချိန်ကို အသင်းဖော်တွေနဲ့ အတူ ကုန်ဆုံးဖို့ အခွင့်ကောင်း ဖြစ်ပါတယ်”လို့ စပိန်ခရီးစဉ် အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။