MySport Myanmar

ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ ဆက်ဆံရေး ပျက်ပြားနေတယ်လို့ သတင်းထွက်ပေါ်

ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းတို့ရဲ့ကြားမှာ ဆက်ဆံရေးတွေ ပျက်ပြားလျက် ရှိနေတယ်လို့ စပိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းမီဒီယာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Real Champs

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘာပေက ဒီနှစ်နွေမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပြီး အသင်းရဲ့ အရေးအပါဆုံးသော ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ထားခံရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Marca ရဲ့ သတင်းဖော်ပြချက်မှာတော့ ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ ဆက်ဆံရေးပိုင်းက ကောင်းမွန်နေခြင်း မရှိတော့သလို ဘာပေကိုယ်တိုင်ကပါ လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာပါ အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိလာခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

တကယ်တော့ ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်ခင်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပြီးမှ အသင်းမပြောင်းဖြစ်တော့ပဲ ပီအက်စ်ဂျီနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို မက်မောလောက်စရာ လုပ်ခလစာမျိုးကိုလည်း ပိုင်ဆိုင်ခဲ့ရပါတယ်။ ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာ တကယ့်ကို ကစားသမားတစ်ဦးထက် ပိုမိုတဲ့ အကျိုးခံစားခွင့်တွေနဲ့ အာဏာပါဝါတွေအထိပါ ပိုင်ဆိုင်နေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပေမယ့်လည်း လက်ရှိ Marca ရဲ့ သတင်းဖော်ပြချက်မှာတော့ ဘာပေနဲ့ ပီအက်စ်ဂျီတို့ဟာ လုံးဝပျက်ပြားသွားတဲ့အထိကို ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘာပေက ဆောင်းဈေးကွက်မှာပဲ အသင်းက ထွက်ခွာချင်နေပြီး ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် ပီအက်စ်ဂျီဘက်ကတော့ ဘာပေကို ရီးယဲလ်အသင်းဆီ ရောင်းချဖို့ လက်ခံမှာ မဟုတ်တဲ့အပြင် လာမယ့်ဈေးကွက်တွေအတွင်းမှာလည်း တခြားသော အသင်းတွေဆီပါ ရောင်းချဖွယ် မရှိနိုင်ပါဘူး။

Exit mobile version