MySport Myanmar

ဒီညပွဲမှာတော့ ဘာပေ ပျော်ရွှင်ရမှာ မဟုတ်ဘူးလို မူလာ သတိပေး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့် ကစားသမားကြီး သောမတ်စ်မူလာက ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ ဒီည ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပျော်ရွှင်ရမှာ မဟုတ်ဘူးလို့ သတိပေး ပြောဆိုလိုက်ပါတယ်။

Photo Credit : The Mirror

ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ Parc des Princes ကွင်းထဲ ဘိုင်ယန်မြူးနစ်အသင်းကို ဧည့်ခံ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်တုန်းက အသင်းရဲ့ ကစားသမားဟောင်း ကင်စလေကိုးမန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဘာပေက ဒုတိယပိုင်း ပွဲချိန်မှသာ ပါဝင်လာခဲ့ရင်း ဘိုင်ယန်ရဲ့ ခံစစ်ကို အလုပ်ရှုပ်အောင် ထိုးဖောက် မွှေနှောက်သွားနိုင်ခဲ့ပါတယ်။ ဘာပေက တကယ့်ကို ပြိုင်ဘက်ခံစစ်ပိုင်းအတွက် အန္တရာယ်ပေးနိုင်တဲ့ ကစားသမား ဖြစ်နေပေမယ့်လည်း ဒီညပွစဉ်မှာတော့ ဘာပေအနေနဲ့ ပျော်ရွှင်နိုင်မှာ မဟုတ်ဘူးလို့ ဘိုင်ယန် ကစားသမား မူလာက ပြောဆိုလိုက်ပါတယ်။

Photo Credit : The Mirror

“ကီလီယန်က ခမ်းနားကြီးကျယ်ပါတယ်။ ဒါကိုလည်း အလွယ်တကူ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ သူရဲ့ပေါက်ကွဲအားတွေ သူရဲ့ရွေးချယ်မှုကောင်းတွေက အရမ်းကို သက်ရောက်မှု ရှိစေခဲ့ပြီး ဒါကိုလည်း ကျွန်တော် အတော်လေး သဘောကျတယ်။ တစ်ကမ္ဘာလုံးကလည်း ဒါကို စောင့်ကြည့်ရတာကို သဘောကျလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အစီအစဉ်သာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ ဒီညပွဲမှာ ပျော်ရွှင်ရတော့မှာ မဟုတ်ပါဘူး” လို့ မူလာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီနေ့ည (၂)နာရီခွဲအချိန် မြူးနစ်က အလိုင်းရန့်အရီနာကွင်းမှာ ကျင်းပသွားမယ့် ဘိုင်ယန်နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အိမ်ရှင်ဘက်က နူအာ ပါဗာနဲ့ သီအိုဟာနန်ဒက်ဇ်တို့ လွဲချော်ရမှာဖြစ်ပြီး ပီအက်စ်ဂျီဘက်ကတော့ နေမာ ကင်ပမ်ဘေတို့ အခုပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။

Exit mobile version