MySport Myanmar

တစ်ရာသီလုံး အရန်ခုံ ထိုင်ရမယ်ဆိုရင်တောင် PSG မှာပဲ ဆက်နေမယ့် ဘာပေ

ပြင်သစ် စူပါစတား တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေကတော့ သူ့ကို အသင်းဘက်ကနေ ရောင်းထုတ်ဖို့ ကြိုးပမ်းနေပေမယ့်လည်း သူ့အနေနဲ့ တစ်ရာသီလုံး ပွဲကစားခွင့် မရှိပဲ အရန်ခုံမှာသာ အချိန်ဖြုန်းရမယ်ဆိုရင်တောင်မှ ပီအက်စ်ဂျီမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်ရှိသွားမယ်လို့ သိရပါတယ်။

Photo Credit : BeSoccer

လက်ရှိမှာ အသက် (၂၄)နှစ်အရွယ် ပီအက်စ်ဂျီ ဂိုးသွင်းစက် ဘာပေ နဲ့ အသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီတို့ရဲ့ကြား အဆင်မပြေမှုတွေ ရှိလို့နေပြီး ဘာပေက ၂၀၂၄မှာ ကုန်ဆုံးသွားမယ့် သူရဲ့စာချုပ်သက်တမ်းကို ထပ်ပြီး တိုးမြှင့်မှာ မဟုတ်ကြောင်း အသိပေးထားသလို အဲ့ဒီလိုသာ သက်တမ်း မတိုးဘူးဆိုရင် ဒီဈေးကွက်ထဲမှာပဲ ဘာပေကို ရအောင် ရောင်းချမယ်လို့ အယ်လ်ခီလိုင်ဖီဘက်ကလည်း သတိပေးထားပါတယ်။

Photo Credit : CNN

ဘာပေက မနှစ်က ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ (၂)နှစ်+(၁)နှစ်စာချုပ် ချုပ်ဆိုချိန်တုန်းက သဘောတူထားခဲ့တဲ့ စာချုပ်ပါ အချက်အလက်အရ ဘာပေအနေနဲ့ အခုဈေးကွက်ထဲ အသင်း အပြောင်းအလဲ မလုပ်ဆောင်ခဲ့ရင် သစ္စာစောင့်သိမှု အပိုဆုကြေးအဖြစ် ယူရို သန်း(၉၀)ကို စက်တင်ဘာလထဲမှာပဲ ရရှိမှာဖြစ်လို့ ဒါကြောင့်လည်း ဘာပေက ပီအက်စ်ဂျီမှာ ဆက်ကစားချင်တာ ဖြစ်နိုင်တယ်လို့ sources များစွာက ဖော်ပြထားပါတယ်။

Photo Credit : Goal

ဒါပေမယ့်လည်း ပီအက်စ်ဂျီဘက်ကတော့ ဒီ ဘောနပ်စ်ကို မပေးသွားချင်တဲ့အပြင် သူတို့ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးကိုပါ ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မရရှိပဲ လက်လွတ်သွားဖို့ပါ လုံးဝ ဆန္ဒမရှိတာကြောင့် ဒီနွေမှာသာ မရရအောင် ရောင်းချသွားချင်နေပါတယ်။ တကယ်လို့ ဘာပေဘက်က အသင်းပြောင်းဖို့ လုံးဝ ငြင်းဆန်လာမယ်ဆိုရင်လည်း ပီအက်စ်ဂျီအနေနဲ့ ဘာပေကို လူငယ်အသင်း အရန်အသင်းတို့နဲ့ လေ့ကျင့်ခန်း ဆင်းခိုင်းတာ စီနီယာအသင်းမှာ လုံးဝ မသုံးတော့တာတွေ လုပ်ဆောင်လာဖို့ ရှိနေပြီး ဒီလို လုပ်ဆောင်လာရင်တောင်မှ ဘာပေက အသင်းမှာသာ ၂၀၂၄အထိ ဆက်ရှိသွားနိုင်ပါတယ်။

Exit mobile version