ပြင်သစ် တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက လာမယ့်နှစ် နွေဈေးကွက်အတွင်းမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး အသင်းပြောင်း ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ ကလပ်အသင်းသစ်မှာ တစ်နှစ်ကို ယူရို (၃၅)သန်းလောက်အထိ ရရှိသွားချင်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက် (၂)ခုအတွင်း လှုပ်လှုပ်ခတ်ခတ်တွေ အလွန်ဖြစ်ပေါ်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ အခုအချိန်ထိ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မရှိသေးပဲ သူ့အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကပါ နေ့စဉ် အမျိုးမျိုး ထွက်ပေါ်နေရပါတယ်။

Liverpool to take transfer advantage? Reds could capitalise on Real Madrid uncertainty to reignite Kylian Mbappe pursuit | Goal.com Nigeria

Photo Credit : Goal

ဘာပေနဲ့ သတင်းအထွက်ဆုံး အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ကတော့ လာမယ့်နွေမှာ အသက် (၂၅)နှစ် ဖြစ်တော့မယ့် ဘာပေကို ခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဘာပေအပေါ်မှာလည်း စိတ်ဝင်စားမှုတွေ လျော့ကျလာခဲ့ပါတယ်။

ဒီအချိန်မှာတော့ ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားနေရာ ရောက်လာတဲ့ အသင်းက လီဗာပူးလ် ဖြစ်ပေမယ့်လည်း ဘာပေကတော့ သူဘယ်အသင်းကိုပဲ ပြောင်းရပြောင်းရ တစ်နှစ်လုပ်ခ ပေါင် (၃၀.၆)သန်း ယူရို (၃၅)သန်းအထိ အလိုရှိနေတဲ့အပြင် လက်မှတ်ထိုးကြေး ဘောနပ်စ်ကိုလည်း ယူရို သန်း(၁၀၀)ထိ ရရှိချင်နေတယ်လို့ AS မှာ ဖော်ပြလာပါတယ်။

Photo Credit : Clutch Points

လီဗာပူးလ်က ဘာပေကို ဒီလောက်ထိ အသည်းအသန် အလိုမရှိပေမယ့် မိုဆာလာရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး တကယ်လို့ ဆာလာသာ ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ ဆာလာနေရာ ဘာပေနဲ့ အစားထိုးဖို့ စီစဉ်လာနိုင်ပါတယ်။

ဒါပေမယ့် ခက်တာက လီဗာပူးလ်အနေနဲ့ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဆာလာကိုတောင် တစ်နှစ် ယူရို (၁၈)သန်းအထိသာ ပေးချေထားတာဖြစ်လို့ ဘာပေ လိုချင်နေတဲ့ ယူရို (၃၅)သန်း နဲ့ signing bonus ယူရို သန်း(၁၀၀)တို့က လီဗာပူးလ်အတွက် ခေါင်းစားစေနိုင်ပါတယ်။