ပြင်သစ် အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး လို့ ပြောရမယ့် အသက် ၂၁ နှစ် အရွယ် ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေ ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်တွေ ရှိတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဆီ ပြောင်းရွှေ့ ကစားလိုနေကြောင်း သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖွင့်ဟ ပြောကြားခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပေမယ့် အမ်ဘာပေဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို မက်ဆီ ၊ ရိုနယ်ဒို ခေတ်လွန်မှာ ကမ္ဘာ့ ဘောလုံးလောကရဲ့ နံပါတ်တစ် ဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံထားရသူပါ။

Phot Credit: Standard

အသက်အရွယ်အရ ငယ်ရွယ်သေးသလို ခြေစွမ်းပိုင်းမှာလည်း ထိပ်တန်းအဆင့် ရှိတဲ့ အမ်ဘာပေကို ပီအက်စ်ဂျီအသင်းက လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် ပြင်သစ်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတယ် လို့ သိရပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်နိုင်ငံမှာ အောင်မြင်မှုပေါင်း များစွာ ရယူထားနိုင်ခဲ့ပေမယ့် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတာကြောင့် ပီအက်စ်ဂျီအသင်းကနေ ရာသီအကုန်မှာ ထွက်ခွာလိုနေတာ ဖြစ်ပြီး လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် လာလီဂါထိပ်သီး အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က ရေပန်းစားနေပါတယ်။

Photo Credit: Express

ဒါပေမယ့် ပဲရစ်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အမ်ဘာပေ ပြောင်းရွှေ့ချင်တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်း မပါဝင်ပဲ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပါက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ McGarry ရဲ့ ဖော်ပြချက် အရတော့ အမ်ဘာပေဟာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ ကစားချင်ကြောင်း ရင်းနှီးတဲ့ မိတ်ဆွေတွေထံ အသိပေးထားတယ် လို့ သိရပြီး အမ်ဘာပေဟာ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေတယ်လို့ McGarry က ဆိုထားပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိမှာ မာနေး ၊ ဆာလက် ၊ ဖာမီနို စတဲ့ နာမည်ကျော် သုံးဦးတွဲ တိုက်စစ်ကို ပိုင်ဆိုင်ထားတာကြောင့် သူတို့သုံးဦးထဲက တစ်ဦးဦးသာ မထွက်သွားပါက အမ်ဘာပေကို ခေါ်ယူဖို့ မရှိသလို မန်ယူအသင်းကလည်း အမ်ဘာပေရဲ့ တန်ကြေးကို ပေးချေပါ့မလား ဆိုတာက သံသယဝင်စရာပါပဲ။ အမ်ဘာပေဟာ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေပေမယ့် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းကသာ သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။