ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လက်ရွေးစင် လူငယ်တိုက်စစ်မှူးလေး အမ်ဘာပေဟာ စပိန် အင်အားကြီးဘောလုံး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေက ဖော်ပြသွားခဲ့ကြပါတယ်။

Photo Credit: Marca.com

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့မှာဖြစ်ကြောင်း ပထမဦးစွာ ဖော်ပြခဲ့သူကတော့ စပိန်ဘောလုံးလောကရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်ရင် တိကျလှတဲ့သူ လို့ နာမည်ကြီးတဲ့ သတင်းထောက် အိုရီယို ဒိုမီနက်စ်ဖြစ်ပြီး သူ့ရဲ့ ပြောပြချက်အရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံကို ၂၀၂၀ခုနှစ် (သို့) ၂၀၂၁ ခုနှစ်မှာ ပြောင်းရွှေ့မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Marca.com

ဒိုမီနက်စ်က ” အမ်ဘာပေကို ဆက်သွယ်ခဲ့တဲ့ ကလပ်တွေရဲ့ ပြောပြချက်တွေအရ အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက အနီးစပ်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ အမ်ဘာပေက ပီအက်စ်ဂျီအသင်းကနေ ၂၀၂၀ သို့ ၂၀၂၁ခုနှစ်မှာ ထွက်ခွာတဲ့အခါ သူက ရီးရဲလ် ဆီသွားမှာပါ ” လို့ အင်တာဗျူးတစ်ခုမှာ ပြောပြသွားခဲ့တာပါ။

Photo Credit: Marca.com

လတ်တလောမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်း နည်းပြ တူချယ်နဲ့ ဆက်ဆံရေးတွေ ဆိုးဝါးနေသူဖြစ်ပြီး မောင့်ပယ်လီယာနဲ့ပွဲက အပြုအမူကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုပါ ခံနေရသူပါ​။ ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅၀ သန်း သုံးစွဲရနိုင်ကြောင်း သိထားရပါတယ်။