MySport Myanmar

လာမယ့် ၄၈နာရီ အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် ချုပ်တော့မယ့် အမ်ဘာပေ

ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ လာမယ့် ၂ရက် အတွင်းမှာပဲ သူ့ရဲ့ အိမ်မက်အသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ထံ အလွတ်နဲ့ ပြောင်းရွှေ့နိုင်ဖို့ အတွက် သဘောတူညီမှုစာချုပ် ချုပ်ဆိုတော့မယ်လို့ စပိန်နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ထုတ်ဖော် ရေးသားနေကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆယ်ဦးစာရင်းဝင် တိုက်စစ်မှူး တဦး ဖြစ်ပြီး လာမယ့် ၂နှစ် ၊ ၃နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်မယ့်သူ အဖြစ်လည်း ထင်ကြေးပေးခံထားရသူပါ။

Photo Credit: AS English

ဒါကြောင့်လည်း ပီအက်စ်ဂျီက သူတို့ရဲ့ မရှိမဖြစ် တိုက်စစ်မှူး အမ်ဘာပေကို အသင်းမှာပဲ ဆက်လက် ရှိနေအောင် အစွမ်းကုန် ကြိုးစားနေပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားသလို လာမယ့် ၂ရက် အတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုရန် စီစဉ်ထားကြောင်းလည်း သိရပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို တနှစ် လုပ်ခလစာ ယူရို ၄၅သန်း + အပိုဆုကြေးတွေ ပေးချေဖို့ သဘောတူထားသလို အမ်ဘာပေကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေကလည်း အတည်ပြုပေးထားကြပါတယ်။

Exit mobile version