ပီအက်စ်ဂျီ နည်းပြ တူချယ်ကတော့ ယနေ့ည အတ္တလန်တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ခြေချင်းဝက် ဒဏ်ရာရရှိခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး အမ်ဘာပေဟာ စိန့်အက်တီယန်အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ် ဖလား ဗိုလ်လုပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ယနေ့ည ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ကစားနိုင်ချေ မရှိဘူးလို့ သတင်း ထွက်ခဲ့ပေမယ့်လည်း အသင်းနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မှာ ဒေ့ါမွန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကွာတား ဖိုင်နယ်ကို တက်လှမ်းလာခဲ့ပြီး အတ္တလန်တာအသင်းကတော့ ဗလန်စီယာအသင်းကို အနိုင်ရရှိပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ကို တက်လှမ်းလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယနေ့ည၊ (၁း၃၀) အချိန်မှာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပီအက်စ်ဂျီ နည်းပြ တူချယ်က အသင်းရဲ့ တိုက်စစ်မှူး အမ်ဘာပေအနေနဲ့ ပွဲပြီးတဲ့ အထိ ကစားနိုင်ပါတယ်လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ တူချယ်က “သူက ဒီနေ့ လေ့ကျင့်ရေးကွင်းမှာ ကောင်းစွာ ကစားနိုင်ပြီး တမူထူးခြားတားလည်း မဖြစ်ခဲ့တာကြောင့် သူ ဒီနေ့ည ကစားမယ့် ပွဲစဉ်မှာ အသင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ သူက အသင်းဖော်တွေနဲ့ ပျော်ရွှင်နေတာကြောင့် ကျွန်တော်တို့လည်း အလွန် ပျော်ရွှင်ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်ကို သူ ပါဝင်ကစားပြီး ပွဲပြီးတဲ့ အထိ ကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ တူချယ်ရဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ချန်ပီယံလိဂ် ဆုဖလားကို (၁) ကြိမ်မှ မရဖူးသေးတာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်ဖို့ ရေပန်းစားနေပါတယ်။